ep(2)

21K 2K 90
                                        

ဖေဖေမရှိသည့်နောက်ပိုင်း
သိသိသာသာပြောင်းလဲသွားတာက အိမ်ကငွေကြေးအခြေအနေ။ခြောက်ကပ်နေသည့်အိမ်လေးကတော့ဖေဖေ့အငွေ့အသက်တွေ
တစ်စွန်းတစမှရှိမနေတာမို့
လွမ်းမောစရာတော့သိပ်မရှိ။

အချိန်တွေကြာလေလေ
မေ့မေ့ကို ပိုသနားလေလေ..။

ချစ်ခဲ့မှာပဲ..
မေမေက ဖေ့ဖေ့ကို အရမ်းချစ်ခဲ့မှာပဲ။
ချစ်လို့ပဲ ကိုယ့်အပိုင်ဖြစ်အောင် ကြိုးစားခဲ့တာပေါ့..။

အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူး
ဆိုပေမဲ့ လုယူပြန်တော့လည်း
အမုန်းခံရတယ်..။

ကိုယ့်ကို မချစ်မနှစ်သက်တဲ့သူကို
ဘဝတစ်ခုလုံး ပုံအောပေးနိုင်သည့်
မေ့မေ့ကို ကျွန်တော် အားကျမိသလို သနားလည်းသနားပါသည်..။

အရင်ကတည်းက ဖေဖေက
ဆေးရုံမှာ ညဆိုင်းဆင်းပြီး
အိမ်ပြန်မလာတော့မှန်းသိပေမဲ့
ခူးပြီးသား ထမင်းပန်းကန်နားတွင် ထိုင်ကာ အိမ်တံခါးဝကို ကြည့်ပြီး
စောင့်နေတတ်သည့် မေ့မေ့ကို ကျွန်တော်က မကြည့်ရက်၍ဆွဲထူပေမဲ့ ''အမေ ဒီတိုင်းလေးပဲ
စောင့်နေချင်လို့ပါ သားရယ်''ဟူသော စကားလေးသာ ပြောပြီး ပေကပ်ပြီး ညလုံးပေါက်စောင့်နေသည့်မေမေက အခုလည်း ဦးဦးဖျားဖျား ခူးထားသော ထမင်းပန်းကန်လေးကို ကြည့်ပြီး အသံတိတ်
မျက်ရည်များကျနေပြန်သည်..။

ဒီတစ်ခါတော့
မမြင်ချင်ယောင်ဆောင်လိုက်သည်..။

မငိုဖို့သွားတားရင်
ခပ်ယဲ့ယဲ့အပြုံးလေးနှင့်
''အမေ မငိုပါဘူး သားရယ်''ဟူပြီး
ဖြေသိမ့်မည့် မေမေ့အသံကို နားထောင်နိုင်စွမ်းမရှိတော့တာမို့..။

ဖေ့ဖေ့ရဲ့ ဒိုင်ယာရီစာအုပ်လေးကိုတော့ ကျွန်တော်ပဲ သိမ်းထားလိုက်ပါသည်။မေမေတွေ့သွားရင်
အနာဟောင်းတွေကို
တူးဆွပေးနေသလို
ဖြစ်နေလိမ့်မည်လေ..။

မသိသင့်တဲ့ အမှန်တရားကို
သိပြီးသည့်နောက်ပိုင်း
အချစ်ဆိုသည့်အရာကိုမိုက်ရူးရဲဆန်စွာ စတင် ကြောက်ရွံ့လာနေမိသည်..။

=======

တဖြည်းဖြည်းမပြေလည်လာသော စီးပွားရေးအခြေအနေကြောင့်
ဦးလေးဖြစ်သူက အထက်တန်းအောင်သည့် ကျွန်တော့်ကို သူမြို့လေးမှာပဲ ကျောင်းထားပေးမည်ဟု ဆိုသည်..။

No Reason ( Completed )Where stories live. Discover now