ep(23)

9.6K 1.1K 177
                                    

ထိုင်ခုံတစ်ခုကို ဆွဲယူကာ ပြတင်းပေါက်နားတွင် ထိုင်ပြီး
ခပ်ဖြည်းဖြည်းကျနေသည့်
မိုးပြေးလေးတွေကို taehyung
စိုက်ကြည့်နေမိသည်။

တိုင်ကပ်နာရီကို စိုက်ကြည့်လိုက်တော့ အချိန်က ညနေ ၅နာရီ။

စားပွဲပေါ်တွင်
တတီတီမြည်နေသည့်ဖုန်း။

''ဦး''ဆိုသည့် contact nameကြောင့် taehyung ကိုင်သင့်၊ မကိုင်သင့် ဆုံးဖြတ်နေသေးသည်။

လူကသာ ဆုံးဖြတ်နေတာ၊ လက်ကတော့ ဖုန်းကိုပင်
လှမ်းယူနေလေပြီ။

''ဟယ်လို''

''ချာတိတ်လေး အဆောင်မှာ
မှတ်လား။ ကိုယ်အခု အဲ့ဒီကို
လာခဲ့မယ်''

''အဲ..ဟိုလေ ဦး မိုးတွေရွာနေ-''

စကား​ပင်မဆုံးလိုက်
ချက်ချင်းကျသွားသည့် ဖုန်း။

တဇွတ်ထိုးလုပ်တတ်သည့်
ဦးလေးကြီးကြောင့် taehyung မှာ အခန်းထောင့်နားမှ
ထီးအဝါရောင်လေးကို ဆွဲယူပြီး
အဆောင်အောက်နားလေးတွင်
ရပ်စောင့်နေရသည်။

ကားတစ်စီး ထိုးဝင်လာသည်။

ရပ်လိုက်သည့်နေရာမှာလည်း အဆောင်နှင့် တော်တော်လေး
ဝေးသည်။

ထိုကားထဲမှ လူတစ်ဦးပြေးလာသည်ကို မြင်သော်လည်း ဦးတော့ မဖြစ်နိုင်ဟု taehyung တွေးမိ၍ သွားမကြိုမိ။ဘာလို့ဆို ဦးက မိုးရေစိုခံရသည်ကို အရမ်းမုန်းသည်လေ။

သို့သော် ပြေးလာသည့်
ထိုလူနှင့် နီးကပ်လာလေ။
မျက်နှာက ရှင်းလာလေ။

ထိုအချိန်မှ taehyung မှာ ထီးကို
ဖွင့်ကာ အတင်းပြေးရလေသည်။

မိုးက အရမ်းသည်းလာ၍
အဆောင်ထဲထိသို့ မသွားတော့ဘဲ ပစ္စည်းတချို့ထားလေ့ရှိသည့်
အခန်းငယ်လေးတစ်ခုဘေးတွင်
နှစ်ယောက်သား မိုးခိုကြသည်။

''ဦးရယ် ဘာဖြစ်လို့ မိုးရွာကြီးထဲ
ပြေးလာရတာလည်း
ကျွန်တော့်ကို လှမ်းခေါ်မှပေါ့''

ရေစိုနေသည့် ဆံပင်တွေကို ခါပေးရင်း ပါးစပ်ကနေ ပွစိပွစိပြောကာ
ဆူငေါက်နေသော ချာတိတ်လေး။

''မဖြစ်ပါဘူး ဒီပုံစံနဲ့ဆို ဖျားလိမ့်မယ်။လာ လာ ကျွန်တော့်အခန်းဆီ
သွားရအောင်''

No Reason ( Completed )Where stories live. Discover now