မနက်မိုးလင်း မနက်စာစားပြီးသည်နဲ့ လုကျန်းချန်ကပင် ရှောင်ဖေးတို့ကို ကုမ္ပဏီသို့လိုက်ပို့ပေးသည်။
ရှင်းရှင်းနဲ့ရှောင်ဖေးလည်း သူ့ကို နှုတ်ဆက်ကာ ကုမ္ပဏီထဲသို့ဝင်ခဲ့လိုက်တော့သည်။ ရှင်းရှင်းရဲ့ကားက ညနေကျရင်လာပို့လိမ့်မည်။
လုကျန်းချန်ကိုလည်း ကျေးဇူးတင်သည့်အနေနဲ့ တစ်ညတာတည်းခိုခွင့်ရော ညစာရော မနက်စာပါ ဝယ်ကျွေးခဲ့တာမို့ နောက်ထပ်တွေ့စရာကိစ္စမရှိတော့ပေ။
ရှင်းရှင်းနဲ့ရှောင်ဖေး နှစ်ယောက်စလုံး အထဲသာဝင်သွားတာ. လုကျန်းချန်တစ်ယောက် ကုမ္ပဏီလိုက်ပို့တာ သူမတို့ဘယ်ကုမ္ပဏီလို့တောင် မပြောရပဲ သူ့ဟာသူလာပို့သွားတာကို သတိမထားမိလိုက်ပေ။
“အဖွဲ့မှူးယီ”
အခန်းထဲဝင်ဖို့ လှမ်းနေသော ခြေလှမ်းများအခန်းဝမှာတင် ရပ်တန့်သွားသည်။ သူမကို ခေါ်လိုက်သူက ဟို လုချောင်ကျိုးရဲ့နောက်လိုက်လေးဖြစ်သည်။
“ဟုတ်ကဲ့ ကိစ္စရှိလို့လားဟင်”
“ဟုတ်ကဲ့ စီအီးအိုက အခန်းထဲခဏလောက်လာခဲ့ပါဦးလို့ခေါ်ခိုင်းလိုက်ပါတယ်”
“သြော်..ဟုတ်”
ရှင်းရှင်းလည်း အခန်းထဲမဝင်တော့ပဲ လုချောင်ကျိုးရဲ့ရုံးခန်းသို့ လိုက်လာလိုက်သည်။ အခန်းထဲရောက်တော့ လာခေါ်တဲ့ကောင်လေးက တံခါးပြန်ပိတ်ကာ အပြင်သို့ပြန်ထွက်သွားသည်။ အခန်းထဲမှာ ရှင်းရှင်းနဲ့လုချောင်ကျိုး နှစ်ယောက်တည်းဖြစ်သည်။
“စီအီးအိုလု ဘာကိစ္စရှိလို့လဲမသိဘူးရှင့်”
လုချောင်းကျိုးက စာရွက်စာတမ်းတွေကို ချပြီး သူမကို မော့ကြည့်လာသည်။
“အကူအညီတောင်းစရာလေးရှိလို့ပါ”ရှင်းရှင်းမျက်လုံးပြူးသွားသည်။
လုချောင်းကျိုးလိုလူက သူမဆီကနေ အကူအညီတောင်းတယ်တဲ့လေ။
“ဟို…စီအီးအိုလု ဘယ်လိုအကူအညီလိုမျိုး တောင်းချင်တာလဲမသိဘူး”
“ပြောပြပါ့မယ်။ အရင်ထိုင်လိုက်ပါဦး”
ရှင်းရှင်း ဆိုဖာမှာဝင်ထိုင်လိုက်တော့ သူလည်း သူ့ထိုင်ခုံမှထလာကာ ရှင်းရှင်းနဲ့မျက်နှာချင်းဆိုင်မှာ လာထိုင်သည်။