စာတစ်စောင်

4.9K 468 8
                                    

သူတို့ ဂေါက်ဖ်ကွင်းကနေ ပြန်လာတော့ ညခုနစ်နာရီတောင် ရှိနေပေပြီ။ အပြန်လမ်းမှာ လုချောင်ကျိုးနဲ့ရှင်းရှင်းက အရှေ့မှာ ထိုင်ပြီး လုကျန်းချန်နဲ့ရှောင်ဖေးက နောက်ခုံမှာ ထိုင်ကြသည်။ ဗိုက်ဆာနေကြပြီဖြစ်သောကြောင့် အိမ်သို့တန်းမပြန်ပဲ ညဈေးတန်းသို့ ဦးတည်လာကြသည်။

လုချောင်ကျိုးနဲ့လုကျန်းချန်တို့က ညဈေးတန်းကို တစ်ခါမှမရောက်ဖူးတာကြောင့် ရှင်းရှင်းနဲ့ရှောင်ဖေးကပဲ ဦးဆောင်ကာ မုန့်ဆိုင်တွေထဲ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နေကြတော့သည်။ နောက်ဆုံး ရှစ်နာရီခွဲလောက်ကျမှ ရှင်းရှင်းတို့ လည်ပတ်စားသောက်လို့ပြီးသည်။

လုချောင်ကျိုးနဲ့လုကျန်းချန်က ရှင်းရှင်းနဲ့ရှောင်ဖေးကို အိမ်ပြန်ပို့ပေးပြီးတာနဲ့ သူတို့လည်း ပြန်သွားကြသည်။ သူတို့တွေ အပျော်ကိုယ်စီနဲ့လမ်းခွဲကြတာ အမှောင်ရိပ်ထဲက လူတစ်ယောက်ကို သတိမထားမိလိုက်ပေ။

*****

မနက်ပိုင်း ရှင်းရှင်း အလုပ်ကိုရောက်လာတော့ သူမစားပွဲပေါ်မှာ စာတစ်စောင်ကို တွေ့လိုက်ရသည်။ ပတ်ပတ်လည်ကို လိုက်ကြည့်သော်လည်း သူမအခန်းထဲမှာ ဘယ်သူမှမရှိပေ။

သူမအဖွဲ့သားတွေတော့ မဖြစ်နိုင်။ ဘာလို့ဆို သူတို့မှာ ဘာထူးခြားသည့်အမူအရာမှမရှိနေ။ ပြီးတော့ သူတို့ တစ်ခုခုပြောချင်ရင် ဖုန်းကနေ စာပို့တာဖြစ်ဖြစ် မျက်နှာချင်းဆိုင်တွေ့ပြီးတော့ဖြစ်ဖြစ် ပြောနိုင်သည်။ အခုက စာအိတ်နဲ့ကို ထည့်ထားကာ လာပို့ခြင်းဖြစ်သည်။

ရှင်းရှင်းလည်း ဖောက်ကြည့်လိုက်တော့ ရည်းစားစာမဟုတ်ပဲ တွေ့ဖို့ချိန်းထားသည့် စာတစ်စောင်ဖြစ်သည်။

*ရှင်းရှင်း ညနေရုံးဆင်းရင် တွေ့ကြရအောင်*

ကျင်းဇီယွမ်ဆီမှ စာဖြစ်သည်။
စာဖတ်ပြီးတော့ ရှင်းရှင်း မျက်ခုံးပင့်မိသည်။

သူမနဲ့သူမခင်ပွန်းဟောင်း မတွေ့တာတောင် ကြာနေပြီဖြစ်သည်။ အခုမှ ဘာစိတ်ကူးပေါက်လာလို့များလဲ။

အစကတော့ ကျင်းဇီယွမ်က သူမရဲ့ရှန်းကောများဖြစ်နေမလားလို့ ရှင်းရှင်း တွေးမိလိုက်သေးသည်။ ဒါပေမဲ့ အခု လုချောင်ကျိုးဆီကနေ အတည်မပြုရသေးပေမဲ့ ရင်းနှီးသည့်အငွေ့အသက်တော့ ရနေသည်။

ဇာတ်လိုက်ကို လုယူမယ်(zgi,uni) Pt.(2) (OC)Where stories live. Discover now