ဟော့ပေါ့လုပ်ရာတွင် လုကျန်းချန်က ရှင်းရှင်းကိုလာကူလေသည်။
ဟိုသေနာနှစ်ကောင်ကတော့ တီဗီကြည့်လိုက် စကားပြောပြီးရယ်မောလိုက်နဲ့ သာယာနေလေသည်။
ခဏကြာတော့ စားဖို့အားလုံးအဆင်သင့်ဖြစ်လေပြီ။ အားလုံးက ပျော်ရွှင်ရွှင်နဲ့ပဲစားကြသည်။ ဒီအချိန်မှာ သူဋ္ဌေးကော ဘာကောဘာမှမသိပေ စားချင်တာကို စားကြသည်။ နောက်ဆုံး ပုဇွန်တစ်ကောင်ကျန်တော့ ရှင်းရှင်းနဲ့ရှောင်ဖေးတို့ လုကြလေသည်။“ငါ့ပေး.”
“မပေးဘူး. ကျွန်တော့ဟာ..”
ဘေးက နှစ်ယောက်ကတော့ ကလေးဆန်နေသော ချစ်ရသူနှစ်ယောက်ကိုကြည့်ကာ ရယ်နေကြသည်။ နောက်ဆုံး ပုဇွန်လေးက ဟိုဘက်သွားလိုက် ဒီဘက်ရောက်လိုက်နဲ့ကို လုကျန်းချန်က အမြင်ကတ်လာသည်ထင့် အလယ်ကနေ ဝင်လုလိုက်ပြီး ရှောင်ဖေးပါးစပ်ထဲသို့ ခွံ့ပေးလိုက်သည်။
ရှောင်ဖေးကလည်း သူစားရရင်ပြီးရော တစ်ဖက်သားက ခွံ့ကျွေးတာကို စားလိုက်သည်။ ရှင်းရှင်းတို့ ရှုံးသွားတော့ နှုတ်ခမ်းကြီးစူလေပြီ။ လုချောင်ကျိုး နှုတ်ခမ်းကြီး တစ်လက်မလောက်စူထွက်ပြီး ပုဇွန်မရလို့ စိတ်ကောက်နေသော ကောင်မလေးရဲ့ပန်းကန်လုံးထဲကို သူ မစားပဲ ယူထားသော သူ့ပန်းကန်ထဲက ပုဇွန်တွေအကုန်လုံးကို ထည့်ပေးလိုက်သည်။
ရှင်းရှင်း အံ့သြပြီး လှည့်ကြည့်လိုက်တော့ လုချောင်ကျိုးက သူ့ကိုပြုံးပြနေလေသည်။ သူ့အပြုံးတွေက အလွန်ဆွဲဆောင်မှုရှိပြီး ရှင်းရှင်းရဲ့အာရုံအားလုံးကို ဆွဲဆောင်သွားသည်။ ရှင်းရှင်း သူမရဲ့မင်းကြီးက သူမရှေ့ရောက်နေသလိုမျိုးထင်လိုက်မိသည်။
ဘယ်လောက်ထိငေးနေမိသလဲဆိုရင် လုချောင်ကျိုးရဲ့မျက်နှာက သူမမျက်နှာနဲ့ထိကပ်တော့မလို နီးကပ်လာတာတောင်မှ သတိမဝင်သေးပေ။
လုချောင်ကျိုးလည်း သူ့ကို ဒီလောက်တောင် ငေးကြည့်နေသော သူမလေးကို အသည်းယားကာ ပါးနှစ်ဖက်ကို ညစ်၍ နဖူးကိုအနမ်းပေးလိုက်သည်။ ဒီလည်း ရှင်းရှင်းတစ်ယောက်သတိမဝင်သေးပေ။ မျက်လုံးကြီးပြူးပြီး ကြည့်နေတုန်းဖြစ်သည်။