ထိုလူကြီးက ရေချိုးနေတာကြောင့် ရှောင်ဖေး ကိုယ်မှာ တဘက်လေးကိုပတ်ပြီး ရေချိုးဖို့ထိုင်စောင့်ရင်း ဖုန်းပွတ်နေလိုက်သည်။
ဖုန်းထဲမှာ စိတ်ဝင်စားစရာ ဘာမှရှာလို့မရတာကြောင့် ဖုန်းကို ချကာ ရောက်တတ်ရာရာတွေကို တွေးနေတော့သည်။
အစားအစာတွေ. အဝတ်အစားဖက်ရှင်အကြောင်းတွေ တွေးနေရင်းမှ ရေချိုးခန်းထဲမှာ ရေချိုးနေသော လုကျန်းချန်ဆိုသော ထိုလူကြီးအကြောင်းကိုတွေးမိသွားသည်။
သူ့နာမည်က လုကျန်းချန်တဲ့။
လူက ဗလတောင့်တောင့် အသားဖြူဖြူနဲ့ခန့်ချောကြီးဖြစ်သည်။ ရေချိုးဖို့ဆိုပြီး အင်္ကျီချွတ်တုန်းက တွေ့လိုက်ရတဲ့ သူ့ရဲ့ကြွက်သားတွေက ကိုင်ချင်စရာကောင်းလှသည်။
မဟုတ်တာတွေတွေးပြီးမှ ရှောင်ဖေးရဲ့မျက်နှာကြီးက နီရဲနေတော့သည်။ကျန်းချန် ရေချိုးပြီး ထွက်လာတာနဲ့ ကုတင်ပေါ်မှာထိုင်ကာ မျက်နှာနီနေသော ကောင်လေးကို တွေ့လိုက်ရသည်။
ဘာတွေတွေးနေလို့များ မျက်နှာကြီးက နီနေရတာလဲ။
"ဟိတ်"
"Host ကယ်ပါ…"
ရှောင်ဖေး လန့်လန့်ဖျတ်ဖျတ်ဖြင့် hostလို့ ထွက်သွားလေသည်။
"host??? အဲဒါက ဘယ်သူလဲ"
"ခင်ဗျားက အသံမပေးဘာမပေးနဲ့ ဘာလို့လူကိုလန့်အောင်လုပ်တာလဲဗျ"
"နေဦးလေ. ကိုယ်မေးတာကို ဖြေစမ်းပါ။ hostက ဘယ်သူလဲ"
"ခင်ဗျားနဲ့ဆိုင်လို့လား"
"မဆိုင်ပေမဲ့လည်း မေးကြည့်တာပါ"
"ယောက်ျားကြီးဖြစ်ပြီး စပ်စုလိုက်တာ"
"ဖြေပါ"
"hostဆိုတာက ကျွန်တော့်ဘဝဗျ"
"ဟမ်."
"ခင်ဗျားကလည်း တုံးလိုက်တာ။ ကျွန်တော်ပြောတာက hostဆိုတာက ကျွန်တော့်ဘဝအတွက် အရေးကြီးဆုံးလူလို့"
"သူက ယောက်ျားလား မိန်းမလား"
"ခင်ဗျားက ဘာလုပ်မို့လဲ"
"ဘာပဲလုပ်လုပ်ပေါ့"
"မိန်းမဗျ. မိန်းမ!!!" အော်ပြောလိုက်ပြီး ရှောင်ဖေးလည်း ရေချိုးခန်းထဲသို့ဝင်သွားလေသည်။