တစ်ပတ်လောက်ကြာတော့ လုချောင်ကျိုးနဲ့ရှင်းရှင်းနဲ့ ရုံးပြန်တက်လေသည်။ ကုမ္ပဏီက လူတွေကတော့ ရှင်းရှင်း ခွင့်ရက်ရှည်ယူတာကို သိပ်ပြီး အလေးမထားကြပေ။ အရင်ကလည်း ယူဖူးတာပဲလေ။ ကျင်းဇီယွမ်နဲ့ မကွာရှင်းခင်က.
သို့ပေမဲ့ သူတို့ရဲ့ စီအီးအိုကြီးပျောက်သွားတာကိုတော့ သတိထားမိကြသည်။ သူတို့ရဲ့ ရေခဲတုံး စီအီးအိုကြီးက တစ်ခါမှလည်း ခွင့်မယူဖူးပေ။ကုမ္ပဏီမှာ အမြဲတမ်းရှိနေတတ်သည်။ သူ မရှိဘူးဆိုရင် အလုပ်ကိစ္စနဲ့ ခရီးထွက်နေရလို့ဖြစ်သည်။ အခုကျ အလုပ်ခရီးထွက်သွားသည်တော့ မဟုတ်ပေ။ ဘာလို့ဆို သူ့အပါးတော်မြဲက ရုံးတက်နေသည်လေ။
အချို့တော့ သူ့ကို သွားမေးကြပေမယ့် သူကိုယ်တိုင်ကလည်း လုချောင်ကျိုး ဘယ်ရောက်နေမှန်း မသိပါ ဟုသာ ပြန်ဖြေလေသည်။
ပြီးတော့ အခုပြန်လာတာက လုချောင်ကျိုးရော ရှင်းရှင်းရော ကားတစ်စီးတည်းဖြင့် အတူတူလာခဲ့ကြတာဖြစ်သည်။ ကားထဲကနေ အတူတူထွက်လာတာကို မြင်လိုက်တဲ့သူတွေရဲ့ ဖွမှုကြောင့် ရုံးတစ်ခုလုံး သူမတို့နှစ်ယောက်ကို အမျိုးမျိုး ထင်ကြေးပေးနေကြသည်။နေ့လည်ထမင်းစားချိန်ကျတော့မှ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ရှောင်ဖေးက အတည်ပြုပေးလိုက်သည်။
“မမ. ယောက်ဖက ထမင်းအတူစားကြရအောင်တဲ့”
ရှောင်ဖေးက လာပြောသည်။ ရှင်းရှင်းက သူ့ကို စိတ်ဆိုးနေတုန်းဖြစ်တာကြောင့် ဘာမှမပြောပဲ ထွက်သွားသည်။
“အား…ယောက်ျားရသွားတော့ ဒီမောင်လေးကို ပစ်သွားပြီပေါ့လေ..နာကျင်လိုက်တာဗျာ…”
အနောက်ကနေ ရင်ဘတ်ကို ကိုင်ကာ ထွက်လိုက်သွားသော ရှောင်ဖေးကြောင့် အစကတည်းက ကြောင်အနေတဲ့ သူတို့အဖွဲ့ထဲက လူတွေ အခုတော့ ကောင်လေးတွေ အသည်းကွဲသွားရတော့သည်။
မိန်းကလေးတွေကတော့ ရှောင်ဖေးလေး မပါအောင်လို့သာ ကျိတ်ဆုတောင်းနေကြသည်။
--
ကျင်းဇီယွမ်လည်း ဒီသတင်းကို ကြားတော့ ရှင်းရှင်းကိုမေးပြီး အတည်ပြုမလို့ သူမအခန်းရှိရာသို့ ထွက်လာတော့ အခန်းထဲက စကားပြောနေသံကို ကြားလိုက်ရသည်။