မနက်ရောက်တော့ ရှောင်ဖေးခါးတွေနာနေသည်။ လုကျန်းချန်က မနက်စာကိုကိုယ်တိုင်ခွံ့ကျွေးကာ ပြုစုတော်မူနေရသည်။ ဒီတော့ နှစ်ယောက်လုံး ရုံးမသွားပဲ ခွင့်တိုင်လိုက်သည်။ သွားလို့လည်း ရမည်မဟုတ်ပေ။ ရှောင်ဖေးက လမ်းသွားရင် တကားကားကြီးဖြစ်နေမှာမို့လို့လေ။ ပြီးတော့ နောက်တစ်ခါ လုကျန်းချန်ကို စိတ်ဆိုးအောင်မလုပ်တော့ဘူးလို့ ရှောင်ဖေး လုံးဝဆုံးဖြတ်လိုက်သည်။
**
ရှင်းရှင်း ရုံးရောက်လို့ ရှောင်ဖေးကို လိုက်ရှာတော့ မတွေ့။ စိတ်ချင်းဆက်သွယ်တော့လည်း ပြန်မဖြေပေ။ ဒါကြောင့် ဖုန်းလှမ်းဆက်လိုက်ရသည်။ ရှောင်ဖေးက ညက အကြောင်းတွေ ပြန်ပြောတော့မှ ရှင်းရှင်း တဟီးဟီးနဲ့ရီကာ ဖုန်းချလိုက်သည်။
သူမဖုန်းချလိုက်သည်နဲ့ချက်ချင်း အနောက်ကနေ တစ်စုံဖက်တာကို ခံလိုက်ရသည်။ ရှင်းရှင်း လန့်သွားပြီး ရုန်းဖို့ပြင်လိုက်ပေမဲ့ ရင်းနှီးနေတဲ့အနံ့အသက်ကြောင့်
“ကို ပြန်ရောက်လာပြီလား”
လုချောင်ကျိုးက မျက်ခုံးပင့်သွားကာ
“ကိုယ်မှန်းသိတယ်ပေါ့”“အင်း. ရှင်းအာရဲ့အချစ်ကြောင့်လေ”
သူမ စကားကြားတော့ လုချောင်ကျိုးက အသည်းယားကာ သူမကို တစ်ပတ်လှည့်လိုက်ကာ သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး နှုမ်းခမ်းချင်းထပ်စေလိုက်သည်။ ခဏကြာမှခွာကာ
“ချစ်တယ်”
“အင်း. ရှင်းအာက ပိုချစ်တယ်”
“ကိုယ်က ပိုချစ်တယ်”
သူ့စကားကို ရှင်းရှင်းက တစ်ခစ်ခစ်ရယ်လိုက်ပြီး ခေါင်းကို သူ့ရင်ခွင်ထဲပိုထည့်ထားမိသည်။ အနားမှာ သူ မရှိတာကြောင့်လား ကိုယ်ဝန်ကြောင့်လားမသိ သူ့ကိုချွဲချင်နေသည်။
လုချောင်ကျိုးကလည်း အလိုက်သိစွာ ချွဲချင်နေသော ကောင်မလေးကို ချီမကာ သူက ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး သူမကို သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းထားလိုက်သည်။ ရှင်းရှင်းကတော့ သူ့ကိုယ်ပေါ်မှထိုင်ကာ သူ့ရင်ခွင်ထဲ ပိုပိုတိုးဝင်ပြီး ဖက်ထားမိပြီး အနွေးဓာတ်တွေ ရယူနေသည်။