ဧည့်ခန်းတစ်ခုလုံး အေးစက်တဲ့လေထုတွေ လွှမ်းခြုံနေသည်။ ချီဖန်းသာမဟုတ် လူကြီးတွေလည်း ထိုလေးလံတဲ့ ဖိအားကို ခံစားနေရသည်။
ဒီကမ္ဘာရဲ့ဇာတ်လိုက်ပီသပါပေတယ်။ ချီး. ပါဝါ!
ချီဖန်း စိတ်ထဲကနေပဲ ပြောနိုင်ပါသည်။ အပြင်မှာတော့ အသက်ရှူရခက်ပြီး သေမလို့ နည်းနည်းပဲ လိုတော့တာပေါ့!
"ဒါဆို မင်း ကိုယ်နဲ့ အတူတူနေရမယ်"
"ဟမ်??"
"ရှင်??"
"ဟင်??"
အခုချိန် အားလုံးရဲ့ခေါင်းပေါ်မှာ ??? တွေ တန်းစီးနေကြသည်။
*ချီး ဒီဇာတ်လိုက်ကြီးက ကြောင်နေတာလားဟ. ဘာလို့ ဇာတ်ကြောင်းတွေ ပြောင်းကုန်ရတာလဲ? ရှောင်ဖေး နင်သိလား?*
*မသိပါဘူး. မနက်ဖြန်ကျမှ ကျွန်တော်အလုပ်ပြန်ဆင်းရမှာပါ။ ဒီနေ့ကတော့ သနားလို့ဆိုပြီး နားရက်ပေးထားတယ်။ ဟီး ဘိုင့်နော်*
*ဟဲ့. ဟဲ့. မဆင်းနဲ့ဦးလေ ဟဲ့*
"နောက်တစ်ပတ် လက်ထပ်မလား။ တစ်အိမ်တည်းအတူတူနေပြီး ဘွဲ့ရပြီးမှ လက်ထပ်မလား ကြိုက်တာရွေး"
ချီဖန်း ယောက္ခမလောင်းကို သနားစရာမျက်လုံးလေးနဲ့ကြည့်ပြီး အကူအညီတောင်းလိုက်သည်။ ထျန်းရွှိုက်အမေက
"သားရယ်.. သမီးက…သမီးရဲ့ သဘောအတိုင်းပဲလို့ ဟဲဟဲ"
ယောက္ခမကြီးက သူမဘက်က ပါမလို့လုပ်ပေမဲ့ သူ့သားရဲ့ အရှိန်အဝါကိုလည်း ကြောက်ရပုံပေါ်ပါသည်။
နောက်ဆုံးတော့ ချီဖန်းခေါင်းပေါ်ပဲ ရောက်လာသည်။ အားလုံးက ချီဖန်းကို အားနာသည့်မျက်လုံးတွေနဲ့ ကြည့်နေသည်။
"ဟိုလေ…"
ချီဖန်း ထျန်းရွှိုက်နဲ့ မျက်လုံးချင်းဆုံလိုက်ပေမဲ့ သူ့အကြည့်ကြောင့် ချက်ချင်း အကြည့်လွှဲလိုက်ရသည်။
"ဟို…လက်ခံပါတယ်"
"ဘာကိုလက်ခံတာလဲ"
*ချီး အသံကြီးက ရေခဲစားပြီးပြောနေသလားပဲ*
"ဟို…ဘွဲ့ရပြီးမှ လက်ထပ်ဖို့ ဆိုတာကို"
"ဒါဆို အဝတ်ထုတ်တော့. အခုည ပြောင်းမယ်"