စားလို့ပြီးတော့ ရှင်းရှင်းက အရင်ပဲ စမေးလိုက်သည်။
“ဘာပြောစရာရှိလို့လဲ”ကျင်းဇီယွမ်က ဘာမှမပြောသေးပဲ သူမကို ခဏလောက်စိုက်ကြည့်နေသည်။ ပြီးမှ
“မနေ့က ကိုယ် မင်းနေတဲ့နေရာနားရောက်ခဲ့သေးတယ်”ရှင်းရှင်းက ဘာအမူအရာမှမပြပဲ သူ့ကိုကြည့်လိုက်သည်။ မနေ့ညက သူမနဲ့လုချောင်ကျိုးကို အတူတူတွေ့သွားလို့ အခုလာတွေ့တာလို့တော့ မပြောနဲ့နော်…
“ပြီးတော့ ကိုယ် မင်းကိုတွေ့ခဲ့တယ်”
“ဘာလို့လာမနှုတ်ဆက်တာလဲ. အိမ်နားထိရောက်ခဲ့ပြီးမှတော့ ဝင်လာသင့်တာပေါ့”
“မင်းက တခြားယောက်ျားသားတွေနဲ့ပျော်နေတာလေ”
သူ့စကားကိုကြားတော့ ရှင်းရှင်း ဒေါသအနည်းငယ်ထွက်သွားမိသည်။
သူက ဘာပြောချင်တာလဲ. သူမက ယောက်ျားတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက်နေတတ်တဲ့ မိန်းကလေးလို့ သူပြောချင်တာလား။“အဲဒီတော့…”
“ကိုယ် ထွက်လာရင် မင်းအနှောင့်အယှက်ဖြစ်သွားမယ်လို့ ထင်လို့ပါ”
“ဒါပဲလား”
သူမ မေးလိုက်တာကို ကျင်းဇီယွမ် နားမလည်ပေ။
“ဘာကိုလဲ”“ဒါလေးပြောဖို့အတွက် ကျွန်မကို ဒီနေရာကိုခေါ်လိုက်တာလား”
“ဒါလေးလား? ယောက်ျားတွေနဲ့အတူတူ သွားနေလာနေတာက မင်းအတွက် အဆင်ပြေတယ်လား။ ပတ်ဝန်းကျင်က မင်းကို ဘယ်လိုမြင်မလဲ”
“သေချာတာကတော့ ရှင့်လိုမျိုး အဆိုးတွေကို မမြင်ဘူးပေါ့”
“ဘာ”
“ဟုတ်တယ်လေ. ပတ်ဝန်းကျင်က လူတွေအားလုံးသိထားတာက ကျွန်မက ကျွန်မမောင်လေးနဲ့အတူနေတယ်။ ပြီးတော့ သူငယ်ချင်းတွေက အိမ်လာလည်ကြတယ်။ ဒါပဲ. ဒါကိုရှင်က ပုံကြီးတွေချဲ့ပြီး ပုဒ်မတွေတပ်နေတာပဲ။ ကျွန်မကို ဒီလောက်တောင် ကြည့်မရဘူးဖြစ်နေတာလား”
“ကိုယ်ဆိုလိုချင်တာ အဲဒါမဟုတ်ဘူး”
“အဲဒါမဟုတ်ဘူးလား။ ဒါဆိုရင် ဘာကိုဆိုလိုတာလဲ”