ဇာတ်လိုက်ကို လုယူမယ် - 4
ရှင်းရှင်း သူနဲ့တွေ့ပြီးကတည်းက အတူနေချစ်သူတွေဖြစ်ခဲ့ကြသည်။ သူတို့တွဲနေတဲ့အကြောင်းကို သူတို့နှစ်ယောက်ကလွဲပြီး ဘယ်သူ့ကိုမှလည်း ဖွင့်ဟပြီးမပြောပြခဲ့ကြ။
သူ့နာမည်က ရှန်းဝမ်ကျစ်။ တရုတ်နိုင်ငံရဲ့လျှို့ဝှက်စစ်တပ်ခေါင်းဆောင်တစ်ယောက်။ သူ့အနေနဲ့ ယီရှင်းကို သူ့ရည်းစားပါဆိုပြီး လူရှေ့ချပြကာ လက်ထပ်ယူချင်နေပြီဆိုပေမဲ့ ရာထူးအခြေနေကြောင့် လျှို့ဝှက်ထားကြသည်။
အခု ရှန်းဝမ်ကျစ်က မစ်ရှင်တစ်ခုပြီးဆုံးထားတာကြောင့် အားလပ်ရက်ရှည် 10ရက်ရထားသည်။ ယီရှင်းရှင်းလည်း ဝမ်ကျစ်အိမ်ကိုရောက်နေသည်။
"ရှင်းလေး ဘာစားချင်လဲ?"
"ကို ချက်တာပဲစားမယ်လေ"
ဝမ်ကျစ်လည်း အမဲသားနှပ်နဲ့ ဖက်ထုပ်ပြုတ်လုပ်ပေးလိုက်သည်။ နှစ်ယောက်သား အတူတူညစာစားပြီးတော့ ဆိုဖာမှာထိုင်ကာ ချစ်ကြည်နူးတစ်တီတူးနေကြသည်။
ဝမ်ကျစ်က ဆိုဖာကိုမှီပြီးထိုင်နေကာ ရှင်းရှင်းက လှဲနေပြီး ဝမ်ကျစ်ပေါင်ပေါ်ကို ခေါင်းတင်ထားသည်။ သူက သူမရဲ့ဆံပင်တွေကို ဆော့ကစားနေရင်းကနေ
"ကိုယ် ဒီတစ်ခေါက်သွားရမယ့် မစ်ရှင်က သုံးနှစ်လောက်ကြာသွားနိုင်တယ်"
ရှင်းရှင်း မျက်မှောင်ကျုံ့သွားကာ သက်ပြင်းချလိုက်ပြီး
"အဲလောက်တောင်ကြာမှာလား?"ဝမ်ကျစ်က သူမကို ချော့မြူသလို ခေါင်းကိုပွတ်ပေးလိုက်ကာ
"ဒီတစ်ခေါက် မစ်ရှင်က ကိုယ့်ရဲ့နောက်ဆုံးမစ်ရှင်ပဲ။ ဒီတစ်ခေါက်ပြီးရင် ကိုယ် နှုတ်ထွက်စာတင်ပြီး မင်းနဲ့အတူနေတော့မှာ"ထိုအခါမှ ကောင်မလေးရဲ့မျက်လုံးတွေက အရောင်လက်လာကာ ထထိုင်လိုက်ပြီး
"တကယ်လား?"
ဝမ်ကျစ်က ရှင်းရှင်းကို သူ့ရင်ခွင်ထဲဆွဲတင်းပြီး တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ ရှင်းရှင်းလည်း သူ့ကိုပြန်ဖက်ထားလိုက်သည်။
"အင်း။ ကိုယ်မင်းနဲ့အတူတူနေချင်နေတာကြာပြီ။ ကိုယ့်ရဲ့ရှင်းရှင်းလေးကိုလက်ထပ်ပြီး ရှင်းရှင်းလေးနဲ့တူတဲ့ ကလေးလေးတွေမွေးချင်နေပြီ"