ချီဖန်း ထျန်းရွှိုက်ရဲ့ စူပုတ်နေတဲ့မျက်နှာကိုကြည့်နေရင်းနဲ့ သူမအကြည့်က တံခါးပေါက်ဆီသို့ ရောက်သွားသည်။ သူမကို တစ်ချိန်လုံးစိုက်ကြည့်နေသည့် ထျန်းရွှိုက်က ဒါကို သတိထားမိသွားကာ
"ဒီကိုလာခဲ့"
ချီဖန်း မလွတ်နိုင်မှန်းကို သိသွားသည်။
*ဘာကို ဒီလောက်တောင် စိတ်ဆိုးနေရတာလဲ?*
ချီဖန်း ခြေတစ်လှမ်းကုဋေတစ်သန်းစကားလို တစ်လှမ်းချင်း ဖြေးဖြေးလေးလျှောက်ကာ ထျန်းရွှိုက်ဆီကို ဦးတည်သွားသည်။ အနားကိုရောက်တာနဲ့ ထျန်းရွှိုက်က သူမကို ကောက်ပွေ့ကာ ကုတင်ပေါ်မှာ ဖိချထားလိုက်သည်။
*ချီး. ဒီအခြေနေကြီးက…သူပြောတော့ ငါ့ကိုဘာမှမလုပ်ဘူးဆို*
"နေ့လည်ကျောင်းပျက်ပြီး ဘယ်သွားတာလဲ?"
"ဘယ်သွားလို့လဲ?"
ချီဖန်း မသိချင်ယောင်ဆောင်လိုက်သည်။
ထျန်းရွှိုက်မျက်လုံးကို မှေးကျဉ်းလိုက်ကာ
"လိမ်ဖို့မကြိုးစားနဲ့ ။ အဲဒီကောင်လေးကရော ဘယ်သူလဲ?"
"ရှင် ကျွန်မအနောက်ကို လိုက်ကြည့်နေတာလား"
"ကိုယ်ယူမဲ့မိန်းမကို ကိုယ့်လူတွေကို လိုက်စောင့်ကြည့်ခိုင်းတာလေ။ အဲဒါ ဘာဖြစ်လဲ"
"ရှင်နဲ့ကျွန်မက မယူရသေးဘူးဆိုတာကိုရော သိသေးရဲ့လား"
တစ်ယောက်တစ်ခွန်း ရန်များရင်း ထျန်းရွှိုက်ရဲ့မျက်နှာက မာထန်လာသည်။
"အခု မင်း ငါ့အိမ်ကို ရောက်နေတာကိုရော သိသေးရဲ့လား"
သူ့ရဲ့လေသံပြောင်းလဲသွားမှုကြောင့် ချီဖန်း တံတွေးမြိုချမိသွားသည်။
"မေးနေတာဖြေ အဲဒီကောင်လေးက ဘယ်သူလဲ?"
"ဘယ်သူဖြစ်ဖြစ် ရှင့်အလုပ်ပါ…ဟင်.."
ချီဖန် ပြန်ရန်တွေ့ရင်း ထျန်းရွှိုက်ရဲ့ကိုယ်က အလင်းလိုမျိုး ဖောက်ထွက်နေတယ်ဆိုတာကို မြင်လိုက်ရသည်။
"ရှင် ဘာဖြစ်တာလဲ?"
ထျန်းရွှိုက်ကတော့ သူ့ကိုယ်သူ သတိထားမိဟန်မပေါ်ပေ။ သူ့ပုံစံက ပိုပြီးတော့ကို ခက်ထန်လာသည်။