ရှင်းရှင်းတို့ အိမ်ပြန်လမ်းမှာ ဗိုက်ဆာလာတော့ ဆိုင်တစ်ဆိုင်မှာ ဟော့ပေါ့ဝင်စားကြသည်။ ရှင်းရှင်းရော ရှောင်ဖေးရော အစပ်ကြိုက်သဖြင့် ဟော့ပေါ့အစပ်ပွဲကြီးတစ်ပွဲမှာလိုက်သည်။ ဟော့ပေါ့လာမချခင် ရှောင်ဖေးက ရှင်းရှင်းကို စိတ်ဝင်တစားနဲ့စပ်စုနေသည်။
“မမ. မမမှာ ပိုက်ဆံတွေက အများကြီးပဲ. မူလယီရှင်းရှင်းရှာထားခဲ့တာလား”
“အင်း”
“သူမက ရိုးရိုးသာမန်ဝန်ထမ်းတစ်ယောက်ပဲမလား။ ဘာလို့ black cardကြီးတောင် ကိုင်နိုင်တာလဲ”
“မူလကိုယ်က ငယ်ငယ်ကတည်းက အရမ်းချမ်းသာတာ. သူမမိဘတွေသေတော့ အမွေအားလုံးကို သူမတစ်ယောက်တည်းရလိုက်တယ်. ဒါပေမဲ့ သူမက သုံးမယ်လို့မရည်ရွယ်ထားတာကြောင့် ဒီအတိုင်း ဘဏ်မှာပဲ သိမ်းထားခဲ့တာ. သူ့ယောက်ျားတောင်မသိဘူး”
“တ.တကယ်. ဘယ်လောက်တောင်ရှိတာလဲဟင်.”
“တစ်သက်လုံးထိုင်စားလို့ရတယ်”
“wow…ဒါကြောင့် အခုနက မမ ဘာမှမဖြစ်ပဲ ပိုက်ဆံထုတ်ပေးလိုက်တာကိုး”
“အင်းလေ. နည်းနည်းလေးပဲကို”
“ဘာကို နည်းနည်းလေးလဲ။ ဒေါ်လာ နှစ်သိန်းကြီးများတောင်ကို”
“ဘ.ဘာ..ဘာ!!! ဒေါ်လာနှစ်.နှစ်သိန်း…လား”
"အင်းလေ မမပဲ ဘာမှမဖြစ်ပဲထုတ်ပေးလိုက်တာမဟုတ်လား”
"မဟု.မဟုတ်ဘူးလေ ငါက ဝမ်းနှစ်သိန်းလို့ပဲထင်လိုက်တာလေ”
"အမ်. ဟိုမှာတုန်းကကျတော့ ဘာမှမဖြစ်ပဲနဲ့ အခုမှထဖြစ်နေတယ်။ အမွေတွေအများကြီးရထားတာကို ဘာမှမဖြစ်ပါဘူးဗျ”
“အင်းပါ. ဒါလည်း ဟုတ်တာပဲ. ဟွန့််. ရှောင်ဖေး နင်နော်. ဘာမှမလုပ်သေးပဲ စထွက်လာတာတောင် ဒေါ်လာနှစ်သိန်းဖြုန်းပစ်လိုက်ပြီနော် ဟင်း.ဟင်း သတိထားပြီးနေတော့”
“မမကလည်း ဒီကိုယ်က သူ့ဘာသာသူဝင်တိုက်တာလေ။ အရင်ကဆို သားဘယ်သူ့ကိုမှ ဝင်မတိုက်ပါဘူးနော်”
“ဘယ်တိုက်ပါ့မလဲ အရင်က နင်က လူမှမဟုတ်တာကို”
“အင်း. အဲတာလည်းဟုတ်သားပဲ. အာ..စကားပြောရင်းနဲ့ ဟိုမှာစားစရာလာပြီ စားကြရအောင်”