မွေးနေ့လက်ဆောင်

4.7K 480 12
                                    

သူတို့ စကားပြောနေချိန်မှာပဲ လုကျန်းချန်နဲ့ရှောင်ဖေးတို့ရောက်လာကြသည်။ ခဲရောင်အနောက်တိုင်းဝတ်စုံကို ဆင်တူဝတ်ထားကြသည်။ လုကျန်းချန်က ရင်အုပ်ကျယ်ကျယ်နဲ့ ဒေါက်ကောင်းကောင်းမို့ ရှောင်ဖေးထက် ခေါင်းတစ်လုံးစာနီးပါးလောက် ပိုမြင့်နေသည်။  သူ့လက်ကလည်း ရှောင်ဖေးရဲ့ပုခုံးသေးသေးလေးပေါ်သို့ တင်ထားသည်။

သူတို့နှစ်ယောက်ကို အတူလာတာတွေ့တော့ အားလုံးက အံ့သြနေကြသည်။ အစကတည်းက လုကျန်းချန်က ယောက်ျားချင်းကြိုက်နေတယ်ဆိုတာကို အားလုံးက သိနေကြပေမဲ့ ဘယ်သူမှန်းတော့ မသိကြပေ။ အခု ရှောင်ဖေးနဲ့အတူ ထွက်လာတော့ အားလုံးကို အသိပေးပြီးသားလို့ ဖြစ်သွားသည်။

ရှောင်ဖေးတို့အဖွဲ့က ကောင်မလေးတွေကတော့ မွေးနေ့ပွဲလာတာ ရှသွားလေရဲ့ကွယ်…

ရှောင်ဖေးက လက်ဆောင်ဗူးကို လုချောင်ကျိုးလက်ထဲကို ထည့်ပေးလိုက်ပြီး
“ဟက်ပီးဘက်ဒေး ယောက်ဖ. ပျော်ရွှင်စရာမိသားစုလေးကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ”

သူ့စကားကြောင့် လုချောင်ကျိုးက သူ့ကိုကြည့်လိုက်တာကို သူက ဘာမှမပြောမိသလိုနဲ့ ရှင်းရှင်းဘက်လှည့်ကာ စကားပြောနေလိုက်သည်။ လုကျန်းချန်ကလည်း ဘာကိုမှမကြားလိုက်သလိုနဲ့ ဟိုဟိုသည်သည်လိုက်ကြည့်နေလိုက်သည်။

ရှောင်ဖေးက တိုးတိုးလေးပြောလိုက်တာမို့ အခြားသူတွေတော့ မကြားလိုက်ပေ။ ဒါကြောင့် လုချောင်ကျိုးက သူနားကြားမှားတာဟု တွေးလိုက်ကာ အခြားသူတွေနဲ့စကားပြန်ပြောနေလိုက်သည်။

မွေးနေ့ပွဲလာကြတယ်ဆိုပေမဲ့ လုပ်ငန်းပါတနာလာရှာတာ ဆိုလည်း မမှားပေ။

လုချောင်ကျိုးတို့မိသားစုက အရင်ကတည်းက ကျော်ကြားတဲ့မိသားစုမလို့ သူတို့နဲ့လုပ်ငန်းစပ်တူလုပ်ချင်တဲ့သူတွေလည်း မနည်းပေ။ အားလုံးက ဒီမွေးနေ့ပွဲကို အသုံးချပြီး လုချောင်ကျိုးနဲ့ရင်းနှီးဖို့ ကြိုးစားသလို အခြားပါတနာတွေ ရှာဖို့လည်း ကြိုးစားကြသည်။

လုချောင်ကျိုးနဲ့လုကျန်းချန်တို့က အခြားသူတွေနဲ့စကားပြောနေတုန်း ရှောင်ဖေးနဲ့ရှင်းရှင်းက စားပွဲတစ်ခုမှာ အတူထိုင်ကာ စကားပြောနေကြသည်။ ရှောင်ဖေးက ဝိုင်သောက်နေသော်လည်း ခနအကြာ မိသားစုပွဲလေးရှိသေးတာကြောင့် များများမသောက်ပေ။ ရှင်းရှင်းကတော့ ကိုယ်ဝန်ရှိနေတာကြောင့် ဝိုင်မသောက်ပေ။ သူမက ဒီအတိုင်း နွားနို့တစ်ခွက်ကို သောက်နေသည်။
အားလုံးက သူတို့ဘာသာ မိတ်ဖွဲ့ပြီး စကားဖောင်ဖွဲ့နေကြတာဆိုတော့ ဘယ်သူမှ ရှင်းရှင်းတို့ကိုရော ဖန်အန်းယွဲ့တို့ကိုရော အာရုံမရောက်ပေ။ ဒါကို အခွင့်ကောင်းယူပြီး ဖန်အန်းယွဲ့က ရောက်ချလာသည်။

ဇာတ်လိုက်ကို လုယူမယ်(zgi,uni) Pt.(2) (OC)Tempat cerita menjadi hidup. Temukan sekarang