“ရှင်းလေးတို့ ရင်သွေးလေးရှိနေပြီလို့”
ရှင်းရှင်းပြောလိုက်တော့ လုချောင်ကျိုး ဘာမှမပြောနိုင်တော့ပဲ သူမမျက်နှာကို ငေးကြည့်နေသည်။ အခုချိန် သူ့နားထဲမှာ ကြားနေတာကတော့ *ရင်သွေးလေးရှိနေပြီ* ဆိုတဲ့ စကားလုံးများသာ အကြိမ်ကြိမ်အခါခါ…
“ကို…ကို…ကိုလို့”
ရှင်းရှင်းက သူ့လက်မောင်းကို လှုပ်လိုက်မှ အသိဝင်လာကာ အပြုံးကြီးကြီးပြုံးလိုက်ရင်း ရှင်းရှင်းခါးကို ဆွဲဖက်လိုက်ကာ လက်တစ်ဖက်က သူမခေါင်းကို ထိန်းကိုင်ပြီး နှုတ်ခမ်းချင်းထပ်ကာ နမ်းလိုက်သည်။
အခြားသူတွေကတော့ ဘာဖြစ်လို့လဲဆိုတာကို မသိပေမဲ့ နမ်းနေတဲ့ အတွဲကိုကြည့်ပြီး RSစာတွေ နင်ချင်သလိုလို။ ဒီအချိန်မှာ သူတို့အားလုံး စဉ်းစားမိတာတစ်ခုက
*မွေးနေ့ပွဲမှာ ခွေးစာတွေကျွေးနေတယ်* လို့သာ…
ထိုစဉ်ခဏ အခန်းတစ်ခုလုံး မှောင်သွားကာ ရှင်းရှင်းတို့အတွဲ နမ်းနေရာကိုသာ ဆလိုက်မီး ထိုးထားသည်။ ပြီးတော့ နှင်းဆီပွင့်ဖတ်လေးတွေ ကြွေကျလာလေသည်။ သူတို့နှစ်ယောက် နမ်းလို့ပြီးတော့ စင်ပေါ်က စခရင်မ်မှာ ရှင်းရှင်းဗိုက်ထဲက အသားလုံးလေးရဲ့ပုံလေးပေါ်လာသည်။
လုချောင်ကျိုး ပျော်လွန်းလို့ မျက်ရည်တောင် ဝဲနေလေသည်။ လုကျန်းချန်၊ ရှောင်ဖေး၊ လုမိဘတွေနဲ့ ရှင်းရှင်းရောပေါ့။
ဒီအချိန်မှာ ကမ္ဘာပျက်နေတာကတော့ ကျင်းဇီယွမ်နဲ့ဖန်အန်းယွဲ့ပင်။
“ဘယ်..ဘယ်လိုလုပ်ပြီး သူမက…”
ဒီအချိန်မှာ ကျင်းဇီယွမ် တွေးမိတာက တစ်ခုတည်းပင်။
*ရှင်းအာက ကိုယ်ဝန်ဆောင်နိုင်တယ်ဆိုရင် ဘာလို့ ကိုယ်ဝန်မဆောင်နိုင်ဘူးလို့ပြောခဲ့တာလဲ။ ပြီးတော့ ဆေးစစ်စာရော…မဟုတ်မှ ငါ…ငါလား။ ငါက မစွမ်းဆောင်နိုင်တာလား။ ငါသာ မစွမ်းဆောင်နိုင်ဘူးဆိုရင် ယွဲ့လေးရဲ့ကိုယ်ဝန်က……မဟုတ်မှ ကိုယ်ဝန်က ငါ မဟုတ်ပဲ…*
သူ ဆက်မတွေးနိုင်တော့ပေ။ ပြီးတော့ ဒီနေရာမှာလည်း ဆက်ပြီး မနေနိုင်တော့ပေ။ သူ ဖန်အန်းယွဲ့လက်ကို ခပ်ကြမ်းကြမ်းဆွဲကာ ပွဲကနေ ထွက်သွားတော့သည်။ ရှောင်ဖေးကတော့ ထိုစုံတွဲကို ကြည့်နေကာ စိတ်ထဲကနေ ရှင်းရှင်းကို တင်ပြနေသည်။