- "မဟုတ်မှလွဲ နင်..နင်က.."
"ဘယ်သူလို့ ထင်လဲ?"
"ရှောင်ဖေး အီး…"
ချီဖန်းက ငိုကာ ရှောင်ဖေးကို ဖက်ပြီး သူ့ရင်ခွင်ထဲတွင် ငိုတော့သည်။
"အီး..ငါ နင့်ကို အရမ်းရမ်းကို လွမ်းနေခဲ့တာ. ငါ..ငါက နင် ဒီကမ္ဘာမှာ ငါ့ဆီ မလိုက်လာတော့ဘူးလို့ ထင်နေတာ. ဟင့် ရွှတ်"
ငိုလည်းငို ပြောလည်းပြော ငိုရင်းထွက်လာသည့် မျက်ရည်နဲ့ နှပ်ချေးတွေကိုလည်း ရှောင်ဖေးရဲ့အင်္ကျီမှာ သုတ်နေတာကြောင့် ရှောင်ဖေးရဲ့ အင်္ကျီဖွေးဖွေးလေးကတော့ ပေရေသွားတော့သည်။
"ဟင့် ရွှတ်.. အပြစ်ပေးခံရတာက အရမ်းနာလားဟင်"
"မနာပါဘူး. မိုးကြိုးနဲ့ အချက်တစ်ရာပစ်တာလေးပါပဲ"
ရှောင်ဖေးက ပြုံးပြီးပြောလိုက်ပေမဲ့ ချီဖေးကတော့ အသံအကျယ်ကြီးနဲ့ ငိုပြန်သည်။ ချီဖန်း ငိုသံကြောင့် ရှောင်ဖေး အနားပတ်ဝန်းကျင်ကို လိုက်ကြည့်မိသွားသည်။ ကံကောင်းသေးတာပေါ့. ရပ်ထားတဲ့ အနက်ရောင် ကားတစ်စီးကလွဲလို့ ဒီနားမှာ လမ်းသွားလမ်းလာပါးလို့. မဟုတ်ရင်တော့ သူ့ကို အနိုင်ကျင့်သူဆိုပြီး ပုဒ်မတွေတပ်နေမှဖြင့်…ကျစ် ဒီHostကတော့ မလွယ်ဘူး.
"တော်ပြီ. မငိုနဲ့တော့. ငိုမနေနဲ့တော့လို့. ကျွန်တော် အခု ပြန်ကောင်းသွားပြီပဲဟာ. ကြည့်ပါဦး"
ဆိုပြီး ရှောင်ဖေးက ကိုယ်တစ်ပတ်လှည့်ပြသည်။ ဒီတော့မှ ချီဖန်း အငိုတိတ်သွားကာ
"ရွှတ်. ဒါဆို လာ. ငါနင့်ကို မုန့်တွေ အများကြီး ဝယ်ကျွေးမယ်. နင် ကြိုက်သလောက်စား ငါရှင်းမယ်"
မုန့်ဆိုတဲ့ အသံကြားတော့ ရှောင်ဖေးတစ်ယောက် မျက်လုံးတွေ ဘလင်းဘလင်းဖြစ်သွားကာ သွားရည်ကျလုမတတ်ဖြစ်လာသည်။
"ဖြစ်ပျက်မနေနဲ့. လာသွားမယ်"
ချီဖန်း ရှောင်ဖေးကို ဆွဲကာ သွားမည့်နေရာကို ဦးတည်လိုက်သည်။ အနောက်မှာရပ်ထားသည့် ကားအနက်ထဲက အေးစက်စက်အော်ရာတွေနဲ့ ပြည့်နှက်နေတဲ့ လူကြီးကိုတော့ သူမတို့ သတိမထားမိလိုက်ပေ။