First Story - Chapter 1

12.4K 1.2K 61
                                    

{Zawgyi}

•ကွာရှင်းကြတာပေါ့•


ဟဲ့လင်နဲ့ ကုန်းဂျင်တို့ လက်ထပ်ဖြစ်ခဲ့တာ ခုနစ်နှစ်ရှိပြီဖြစ်တယ်။ သူတို့တစ်ယောက်ချင်းစီကလည်း သူတို့အလုပ်နဲ့သူတို့ အောင်မြင်နေကြတယ်။ တခြားသူတွေမျက်လုံးထဲမှာ သူတို့က ပြီးပြည့်စုံလှတဲ့အတွဲတစ်တွဲပဲ။

ထိုနေ့က ဟဲ့လင် အိမ်ပြန်နောက်ကျတယ်။ ကုန်းဂျင်ကို ဖုန်းခေါ်ပြီး သူ့မှာလုပ်စရာအလုပ်ရှိတယ်လို့ ပြောခဲ့သေးတယ်။

ကုန်းဂျင်ကတော့ ခပ်အုပ်အုပ်အသံနဲ့သာ ပြန်ဖြေလိုက်တယ်။ ဒါပေမယ့် အဲ့နောက် မျက်တောင်တစ်ခတ်အတွင်းမှာတင် ဟဲ့လင်ကို ဘားထဲမှာ နာမည်ကြီးပြီးချောမောတဲ့ခပ်ငယ်ငယ်ကောင်လေးနဲ့အတူ တွေ့လိုက်ရတယ်။

ကုန်းဂျင်သူငယ်ချင်းက ခဏလောက်တွန့်ဆုတ်သွားပေမယ့် အဆုံးမှာ ပြောလိုက်တော့တယ် "ဟဲ့လင်နဲ့ အဲ့ခပ်ငယ်ငယ်ကောင်လေးက အရမ်းရင်းနှီးတဲ့ပုံပဲနော်"

ကုန်းဂျင် ခဏလောက်ရပ်တန့်သွားပြီး မျက်လွှာလေးချကာ ပြောလိုက်တယ် "အလုပ်ကြောင့်မို့လို့ပါပဲ"

ဟဲ့လင် အိမ်ပြန်တာတော်တော်လေးနောက်ကျပြီး သူ့တစ်ကိုယ်လုံးလည်း ဆေးလိပ်နံ့တွေရော ဝိုင်အနံ့တွေရော မွှန်ထူနေတယ်။ သူ ကုန်းဂျင်ကို နမ်းမလို့လုပ်လိုက်တဲ့အခါ ကုန်းဂျင်သူ့ကို တွန်းထုတ်လိုက်ရတယ်။

ဒီလိုအနံ့မျိုးကို ကုန်းဂျင်တကယ်မခံစားနိုင်ဘူး။ ကုန်းဂျင်က တကယ်တော့ ဟဲ့လင်ရေချိုးလို့ရအောင် ရေပူပူလေးပြင်ထားပေးပြီးပြီဆိုတာလေးပဲ ပြောချင်ခဲ့တာဆိုပေမယ့် ဟဲ့လင်က ဒေါသထွက်သွားပြီး ကုန်းဂျင်ကို အတင်းအကျပ်နမ်းရှိုက်လာကာ သူ့အပြုအမူတွေကလည်း ကြမ်းတမ်းလှတယ်။

ကုန်းဂျင်ဆိုတာကလည်း သူ့ကိုအလွယ်တကူ ယီးတီးယားတားလာလုပ်လို့ မရနိုင်တဲ့လူစားမျိုးဖြစ်တယ်။ သူ ဟဲ့လင်ကို ထိုးလိုက်ကာ ကြိမ်းမောင်းတော့တယ် "တော်လိုက်တော့ သောက်အမူးသမားရဲ့"

ဟဲ့လင်ရဲ့နှုတ်ခမ်းထောင့်နားမှာ သွေးထွက်သွားကာ သူလည်း အမူးပြေသွားတယ်။

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now