Second Story - Chapter 1

5.3K 708 3
                                    

{Zawgyi}

•ငါ အဲ့လူနားကို မကပ်ဘူး၊ ဒါပေမယ့် ငါသူ့ကို သဘောကျတယ်•

ကျူအန်းဇီ ကျောင်ယွမ်ချန်းကို သဘောကျတယ်။ သူတို့ပထမဆုံးစတွေ့ချိန်မှာတင် ကျောင်ယွမ်ချန်းရဲ့ နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်ခြင်းကို ခံလိုက်ရတယ်။

အင်ဂျင်နီယာသိပ္ပံသင်ရိုးက တကယ့်ကို စိတ်ဝင်စားစရာမရှိဘဲ ပျင်းစရာကြီးဆိုပေမယ့် တစ်တန်းလုံးမှာ ကျောင်ယွမ်ချန်းက တစ်ခုတည်းသော အလင်းရောင်လေးဖြစ်တယ်။ သူက တောက်ပလွန်းတာကြောင့် ကျူအန်းဇီခမျာ နွေဦးရဲ့ငိုက်မြည်းမှုကိုတောင် မေ့လျော့နေရတယ်။

ကျူအန်းဇီ ကျောင်ယွမ်ချန်းကို ခိုးကြောင်ခိုးဝှက်လိုက်ကြည့်နေမိတယ်။ ကျူအန်းဇီက ကျောင်ယွမ်ချန်းရဲ့ စားပွဲခုံပေါ် တင်ထားတဲ့လက်တွေ၊ ဘောပင်လှည့်နေတဲ့ လက်ချောင်းတွေ၊ အာရုံစူးစိုက်နေတဲ့ အမူအယာကို မျက်စိဒေါက်ထောက်ကြည့်နေပြီး သူ့ပေါ် ကျရောက်လာနိုင်တဲ့ ကျောင်ယွမ်ချန်းရဲ့အကြည့်ကို စိတ်ကူးယဉ်ကြည့်နေတယ်။

သို့ပေမယ့် ထိုအရာက ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး၊ တစ်ကြိမ်လေးတောင်မှ။

ကျူအန်းဇီကိုယ်တိုင်ကလည်း ကျောင်ယွမ်ချန်းနားကို မကပ်ရဲဘူး။

ကျူအန်းဇီက သူ့ရဲ့နာမည်၊ ဖုန်းနံပါတ်၊ အဆောင်၊ ကလပ်နဲ့ ကောင်မလေးကို သိထားတယ်။

ကျောင်ယွမ်ချန်းရဲ့ကောင်မလေးက လှပတဲ့အမျိုးသမီးလေးတစ်ယောက်ဖြစ်တယ်။ သူမက နွေရက်တွေထဲက လေပြေလေးလိုပဲ။ သူမရဲ့ရွှေရောင်ဖျော့ဖျော့ဆံနွယ်လေးတွေနဲ့ ယောကျာ်းတိုင်းရဲ့နှလုံးသားကို ငြိတွယ်အောင် လုပ်နိုင်တယ်။ ကျူအန်းဇီ သူတို့တွေကို တိတ်ဆိတ်စွာ ကြည့်နေမိတယ်၊ အရင်ကထက် ပိုပြီးတိတ်ဆိတ်စွာ။ သူတို့တွေကို လျစ်လျူမရှုထားနိုင်သလို (သူတို့အတွက်) ဆုမွန်ကောင်းလည်း တောင်းမပေးနိုင်ဘူး။

ကျောင်ယွမ်ချန်း အကြွေစေ့ထည့်ရတဲ့စက်ရှေ့မှာ ကျူအန်းဇီကို တားလိုက်တယ်။

ကျူအန်းဇီ အံ့အားသင့်ကာ နှလုံးခုန်မြန်သွားပေမယ့် ကျောင်ယွမ်ချန်းကို မော့ကြည့်ဖို့ သတ္တိမရှိဘူး။

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Opowieści tętniące życiem. Odkryj je teraz