Second Story - Chapter 5

3.2K 649 1
                                    



{Zawgyi}

•မင်း ကြောက်နေတာလား?•

ကျောင်ယွမ်ချန်း ကုန်စုံဆိုင်ကိုသွားကာ ရေသန့်ဘူးအနည်းငယ်နဲ့ Erguotouတစ်ပုလင်း ဝယ်လိုက်တယ်။ alcohol 52ရာခိုင်နှုန်းပါတဲ့ ကြယ်နီတစ်ပုလင်းက သူ့ကို မူးသွားစေနိုင်တဲ့အထိတော့ ပြင်းလောက်မှာပါ။

သူ ပြန်ရောက်သွားချိန်မှာ ကျူအန်းဇီက ခေါင်းငိုက်စိုက်ချကာ နှုတ်ခမ်းတွေစေ့ထားပြီး အနည်းငယ်ကြောက်နေတဲ့ပုံလေးနဲ့ တံခါးနားမှာ ရပ်နေတုန်းပဲဖြစ်တယ်။ သို့ပေမယ့် ကျူအန်းဇီသာ ခေါင်းမော့လာခဲ့ရင် ထိုမျက်လုံးတွေက မျက်စိကျိန်းလောက်တဲ့နေရောင်လိုမျိုး တောက်ပကာ မယိမ်းယိုင်တဲ့ခေါင်းမာမှုနဲ့ ဇွဲလုံ့လကို ဆောင်ကြဉ်းထားမယ်ဆိုတာ ကျောင်ယွမ်ချန်းသိတယ်။

ကျောင်ယွမ်ချန်း အကြည့်လွှဲကာ ကျူအန်းဇီကို ရေဘူး ပေးလိုက်တယ်။

ရေသောက်ပြီးတဲ့နောက် ကျူအန်းဇီ ကုန်စုံဆိုင်အိတ်ထဲက Erguotou ကို မြင်သွားတယ်။

အဖုံးကိုဖွင့်ကာ ချက်ချင်း သောက်ချလိုက်တဲ့ ကျောင်ယွမ်ချန်းကို သူ မော့ကြည့်မိတယ်။

ကျူအန်းဇီ နှုတ်ခမ်းတွေလှုပ်ရှားသွားပြီး နောက်ဆုံး ကျောင်ယွမ်ချန်းကို အကြံပေးလိုက်တယ် "သူက... သေချာပေါက် မင်းကို သဘောကျတာပါ၊ အဲ့တာကြောင့် မင်းသူ့ကို ခွင့်လွှတ်ပေးသင့်တယ် မင်း..."

ကျောင်ယွမ်ချန်း ကျူအန်းဇီကို ခက်ထန်စွာ စိုက်ကြည့်လာတယ်။

ကျူအန်းဇီလည်း သူ့လျှာသူ ပြန်ထိန်းလိုက်ရတယ်။

အဲ့နောက် သူတို့နှစ်ယောက် အချိန်အကြာကြီး အသံတိတ်သွားတော့တယ်။ တစ်ယောက်က ရေသောက်နေပြီး နောက်တစ်ယောက်က အရက်သောက်နေတယ်။ နှစ်ယောက်စလုံးက တစ်ခန်းတည်းအတူနေပြီး အချင်းချင်းရဲ့ နာကျင်မှုတွေကိုတွေးကာ ခံစားနေရတယ်။

ကျူအန်းဇီလည်း အရက်နံ့ကြောင့် မူးဝေမလိုဖြစ်လာတာကြောင့် သူပြောလိုက်တယ် "ဆက်မသောက်နဲ့တော့"

ကျောင်ယွမ်ချန်းမျက်လုံးတွေက ကြည်လင်နေတယ်။ သူက ထွေပြားမနေတဲ့အပြင် ခုနကထက်တောင် ပိုပြီး တည်ငြိမ်လာပုံရတယ်။ သူ ကျူအန်းဇီကို ဖော်ပြလို့မရနိုင်တဲ့အကြည့်မျိုးနဲ့ ကြည့်လာတယ်။

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now