{Zawgyi}•မင်းနဲ့ မနေချင်ဘူး!•
ထို့နောက် နွေးထွေးတဲ့လက်ကြီးကြီးတစ်ဖက်က သူ့ဗိုက်ပေါ်ရောက်လာပြီး ကြားမှာပါးလွှာတဲ့ရှပ်အကျီတစ်ထည်သာ ခြားတော့တယ်။
ချက်ချင်းဆိုသလို တဆစ်ဆစ်နာကျင်နေတာက ပျောက်သွားသလိုတောင် ဖြစ်သွားတယ်။
ရှယန် မေးလာတယ် "မင်း နေရတာက ပိုကောင်းလာပြီလား?"
နင်ခန်း "..."
ရှယန်က သူ့ရဲ့ညာဘက်လက်ကိုသုံးကာ ဖုန်းထုတ်ပြီး နံပါတ်တစ်ခုကို ခေါ်လိုက်တယ်။
ဖုန်းတစ်ဖက်ကနေ ချိုသာတဲ့အမျိုးသမီးတစ်ယောက်အသံ ပေါ်ထွက်လာတယ် "ဥက္ကဌရှ"
ဒါကို နင်ခန်း ကြည်လင်ပြတ်သားစွာ ကြားလိုက်ရပြီး အစာအိမ်က ထပ်နာလာပြန်တယ်။ သူ့အစွယ်တွေကို ထုတ်ပြကာ ထိုမျိုးမစစ်လက်ထဲက ဖုန်းကို လုယူဖို့ကြိုးစားလိုက်တယ်။
"လျှောက်ပြီးတော့ လှုပ်မနေနဲ့" ရှယန်က သူ့ဖုန်းကိုမမိအောင် ရှောင်လိုက်ပြီး နင်ခန်းကို လေသံတိုးတိုးနဲ့ ပြောလိုက်တယ်။
သူဆိုတဲ့ နင်ခန်းက အရှက်တကွဲဖြစ်ရတာထက် သေပဲသေလိုက်မယ် : အညံ့ခံပေးဖို့ကိုတော့ သေချာပေါက် ငြင်းရလိမ့်မယ်။
ရှယန် ဖုန်းကတဆင့်ပြောလိုက်တယ် "ငါ့ကို ပြောင်းဆန်ထမင်းရည်နဲ့ သကြားခွက်သေးတစ်ခွက် ကူပြီးပြင်ပေးပါ... အမ်း ကိုယ့်ဖာသာ ထည့်မယ်... ပြီးတော့ အစာကြေလွယ်တဲ့ အဆာသွပ်မုန့်တချို့..."
နင်ခန်း နားစွင့်နေပြီး ကြားဖြတ်ပြောလာတယ် "အသံလေးကတော့ ချိုသာနေတာပဲ၊ ဒါတောင်မှ မထင်ရလောက်အောင် ဒီလိုမျိုး အမိန့်ပေးတာပါလားနော်"
ရှယန်မျက်နှာက အေးစက်လာတယ် "တိတ်စမ်း"
နင်ခန်းလည်း အစာအိမ်က နာနေတာဖြစ်လို့ ရှယန်နဲ့ အပင်ပန်းခံ စကားပြောမနေတော့ဘူး။
မကြာခင် စားစရာရောက်ရှိလာတယ်။ နင်ခန်း လည်ကိုဆန့်ကာ လှမ်းကြည့်လိုက်တော့ ယောကျာ်းတစ်ယောက်ဖြစ်နေတာကို မြင်လိုက်ရပြီး သူ့ပါးစပ်ကလည်း အမြန်လျော့ကျသွားတယ်။ [ T/N : စိတ်ကောက်ပြီးပါးဖောင်းထားရာကနေ လေပြန်လျော့သွားတာကို ပြောချင်တာပါ ]
YOU ARE READING
တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }
Short StoryTitle - Sweet, Although Short Author - 龙柒(Lóng Qī) Total Chapter - 26 Translators: Elestrea, potats, Raine. Editors: Amaris All credit to Original Author and Eng Translators. You can search this novel in Novel Update.