Last Story - Chapter 3

3.2K 563 8
                                    


{Zawgyi}

•ကျောက်စိမ်းတမျှ ကြည်စင်၊ သွေးတမျှ ရဲရဲတောက်•

ညလုံးပေါက် မရပ်မနား ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်းနဲ့ပဲ သူရဲကောင်းကြီးနင် အတော်လေးသနားစရာကောင်းစွာ အိပ်လိုက်ရတယ်။

အိပ်ချင်မူးတူးနဲ့ နိုးလာတဲ့အခါ အောက်ခံဘောင်းဘီနဲ့ ဖိနပ်ပါးစီးကာ ခြေတံရှည်ကြီးတွေ လှစ်ဟပြရင်း ရေချိုးခန်းဝင်ပေါက်မှာ ရပ်လိုက်တယ်။

တံခါးလက်ကိုင်က အနက်ရောင်နဲ့ရွှေရောင်လေးဖြစ်နေတာကြောင့် ရိုးရှင်းတဲ့ပုံပေါ်သော်ငြား ထူးခြားတယ်။ ဒါက သူ့မိသားစု စွဲလမ်းတဲ့ ပုံမှန်ရှေးဆန်တဲ့ပုံစံမျိုးနဲ့ အတော်လေးကွာခြားနေတယ်။

နင်ခန်း ဖြည်းဖြည်းချင်း သတိပြုမိလိုက်တယ်... ဒါက သူ့အိမ်မှ မဟုတ်တာ! သူက လက်ရှိ ရှယန်နဲ့ နေနေတာ!

လွန်ခဲ့တဲ့လေးနှစ်က သူ့ဖင်အဖွင့်ခံလိုက်ရတဲ့အချိန်ကို ပြန်သတိရသွားတဲ့အခါ သူ့ခန္ဓာကိုယ်အောက်ပိုင်းတွေ ချက်ချင်းဆိုသလို အေးစိမ့်လာတယ်!

'အခု အိပ်ခန်းထဲကို ပြန်.. ​ပြန်သွားရမယ်!'

နင်ခန်း ပြန်လှည့်တော့မယ့်အချိန်မှာ မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ပြီး ပြန်လာတဲ့ ရှယန်နဲ့ သွားဆုံတော့တယ်။

သူက လက်ပြတ်ရှပ်အကျီကို ဝတ်ဆင်ထားပြီး သူ့ရဲ့ဖြူဖွေးနေတဲ့လက်မောင်းတွေကို ထုတ်ပြထားတာကြောင့် ပိုပြီးတော့တောင် တောင့်တင်းနေသလိုဖြစ်နေစေတယ်။

ဒီလူ့ပုခုံးက ကျယ်တယ်ဆိုပေမယ့် သူ့ခါးက သွယ်သွားပြီး မေးရိုးကနေ ချွေးအလွှာပါးပါးက လိမ့်ဆင်းလာတယ်။ ချွေးစက်က သူ့ရဲ့ညှပ်ရိုးပေါ် ကျသွားချိန်မှာ မရေမတွက်နိုင်တဲ့အမျိုးသမီးတွေရဲ့ အော်သံတွေကိုတောင် ကြားလိုက်ရသလိုမျိုး နင်ခန်း ခံစားလိုက်ရတယ်။

နင်ခန်း ဖျစ်ညှစ်ပြီးပြုံးကာ "မောနင်း..."

ရှယန်က ဘာမှမပြောပေမယ့် သူ့ရဲ့လှုပ်ရှားနေတဲ့ ကြည်လင်တဲ့မျက်ဝန်းတစ်စုံက ရုတ်ခြည်း မည်းမှောင်သွားတယ်။

နင်ခန်း သူ့ကို မကြည့်နိုင်သလို တစ်ချက်ကလေးတောင် မလှုပ်ရဲဘူး။ သူ့ခမျာ စတိတ်စင်မီးရောင်တွေအောက်မှာ သူပြောရမယ့် စာသားကိုမေ့နေတဲ့ သရုပ်ဆောင်တစ်ယောက်လိုမျိုးသာ ရပ်နေနိုင်တယ်။

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now