{Zawgyi}•ငါ မင်းနဲ့ နေမှာ!•
ထို့နောက်မှာတင် ရှယန်က ခေါင်းလှည့်လာတာကြောင့် နှစ်ယောက်သား အချင်းချင်း စိုက်ကြည့်မိကုန်တယ်။
နင်ခန်း အတော်လေး ရှက်သွားရတယ်။ သူ ခေါင်းကို ချက်ချင်းဆိုသလို လှည့်ပစ်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် TV စခရင်ပေါ်က စုတ်ပြတ်သပ်နေတဲ့မျက်နှာကြီးတစ်ခုကို တွေ့သွားတော့တယ်။
နင်ခန်း ချက်ချင်းပဲ ခေါင်းပြန်လှည့်ကာ ရှယန်ကို စိုက်ကြည့်လိုက်တယ်။ သူ့မျက်နှာတစ်ခုလုံးလည်း ဖြူရော်နေတယ်။
ရှယန်နှလုံးခုန်သံက အတော်လေးဆိုးရွားလာတယ်။ သူ့စိတ်ကို ပြန်စုစည်းကာ ပြောလိုက်တယ် "တကယ်နောက်ကျနေပြီ၊ သွားအိပ်ကြစို့"
နင်ခန်း သည်းထိတ်ရင်ဖိုရုပ်ရှင်ကို လုံးဝမကြည့်ရဲဘူး၊ ထိုအစား သူ့မျက်လုံးတွေက ရှယန်ဆီမှာသာ ကပ်တွယ်နေတယ် "ဒါ... ဒါက ပြီးတောင် မပြီးသေး..."
ရှယန် ပြောလိုက်တယ် "ပြီးသွားပြီ"
သူက အကွယ်ထဲကို remoteဆွဲယူပြီး အမြန်ရစ်တဲ့ခလုတ်ကို နှိပ်ကာ ရုပ်ရှင်ကားကို အဆုံးထိ ကျော်ပစ်လိုက်တယ်။
နင်ခန်းက ကြည့်မနေတဲ့အတွက် မသိလိုက်ဘူး။
ရှယန်လက်တွေက အနည်းငယ်တုန်ရီနေတယ်။ ရုပ်ရှင်ကားက ပြီးသွားပြီဆိုတော့ ဒီလိုမျိုးပူးကပ်နေရတဲ့ အချိန်တိုလေးကလည်း ပြီးသွားပြီလို့ ဆိုလိုတာပဲ။
ဒါပေမယ့် ဒါကရော ဘာများကွာခြားနေလို့လဲ?
လေးနှစ်ရှိနေတာတောင် သူ(နင်ခန်း)က သူ့(ရှယန်)ကို အရာရာတိုင်း ခက်ခဲအောင် လုပ်နေဆဲပဲ။
သူ့ဆီမှာ နွမ်းလျတဲ့ခံစားချက်တစ်ခု လှိုက်တက်လာတယ်။ ရှယန် ထရပ်ပြီး ပြောလိုက်တယ် "ငါ့မှာ လုပ်စရာရှိသေးတယ်၊ မင်း စောစော အိပ်ရာဝင်သင့်တယ်"
ပြောပြီးနောက် သူ ကိုယ်ကိုလှည့်ကာ စာကြည့်ခန်းဆီ တန်းလျှောက်သွားလိုက်တယ်။ လေးနှစ်တာ သူ့ကို အဖော်ပြုနေပေးခဲ့တဲ့ အေးချမ်းဆိတ်ငြိမ်မှုကို ပြန်ရှာဖို့ကြိုးစားရင်း မျက်လုံးတွေကိုပါ မှိတ်ထားလိုက်တယ်။
YOU ARE READING
တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }
Short StoryTitle - Sweet, Although Short Author - 龙柒(Lóng Qī) Total Chapter - 26 Translators: Elestrea, potats, Raine. Editors: Amaris All credit to Original Author and Eng Translators. You can search this novel in Novel Update.