Second Story - Chapter 7 [ END ]

4K 665 8
                                    


{Zawgyi}

•ကျောင်ယွမ်ချန်း POV [Extra]•

ကျောင်ယွမ်ချန်းက လူတွေရဲ့အကြည့်ကို တော်တော်လေး မခံစားတတ်ဘူး။

ဖြစ်ကောင်းဖြစ်နိုင်တာက သူငယ်စဉ်တည်းက အခုချိန်အထိ လူတွေကအမြဲတမ်း သူ့ကိုမကြာခဏ စူးစိုက်ကြည့်တတ်တာကြောင့် သူ နေသားကျသွားတယ်ဆိုတာ အံ့ဩစရာမရှိတော့ဘူး။

သို့ပေမယ့် ဒီတစ်ခေါက်မှာတော့ စာသင်ခန်းရဲ့အနောက်ဖက် ညာဘက်ထောင့်နားက နေရောင်မဝင်နိုင်တဲ့နေရာကနေ တစ်စုံတစ်ယောက် သူ့ကိုကြည့်နေတာ သတိပြုမိလိုက်တယ်။ ထိုမျက်လုံးတွေက သူ့အရေပြားပေါ် နေရောင်ကျနေသလိုမျိုး နူးညံ့စွာ ကြည့်နေတာဖြစ်တယ်။

ဒါကို ကျောင်ယွမ်ချန်း သဘောမကျမဖြစ်ဘဲ အဲ့အစား ပြောမပြတတ်အောင် ပျော်တာကိုသာ ခံစားလိုက်ရတယ်။ သို့ပေမယ့် ထိုလူကြောက်သွားမှာစိုးတာကြောင့် သူ ပြန်လှည့်မကြည့်ခဲ့ဘူး။

ကြည့်လေ သူက ထိုအကြည့်ပိုင်ရှင် သူ့ဆီ ချဉ်းကပ်လာဖို့ကို မျှော်လင့်ခဲ့တာ။

ကံဆိုးချင်တော့ သူတစ်ပတ်လုံးလုံး စောင့်နေခဲ့တာတောင် ထိုလူက ရောက်မလာခဲ့ဘူး။

ကျောင်ယွမ်ချန်း ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ သူလည်း ကျောင်းရဲ့စောင့်ကြည့်ခန်းကို ခိုးကြောင်ခိုးဝှက်သွားကာ သူ့ကိုထောင့်နားလေးကနေ ကြည့်နေတဲ့လူကို တိတ်တိတ်လေး ရှာဖွေခဲ့တယ်။

ကောင်လေးတစ်ယောက်ပဲ။

ကျောင်ယွမ်ချန်း နည်းနည်းတော့ အံ့ဩသွားပေမယ့် သူပုံဖော်ကြည့်ခဲ့တာထက်တောင် သူ့မျက်လုံးထဲရှိ ခပ်ရေးရေးအလင်းရောင်လေးက ပိုမိုနွေးထွေးတဲ့အတွက် စခရင်က ဖြတ်မြင်နေရတာတောင် သူမှန်း သေချာခဲ့တယ်။

ကျောင်ယွမ်ချန်းက ယောကျာ်းချင်းချစ်ကြိုက်တာကို နားမလည်ပေမယ့် ငြင်းဆန်တာမျိုးလည်း မဟုတ်ဘူး။

တစ်ခါတစ်ရံမှာ လူတွေက တကယ်ကြီး ဒီလောက်ထိဆန်းကြယ်တယ်။ မှန်ကန်တဲ့အခိုက်အတန့်ရောက်လာတာနဲ့ မင်းရဲ့အကျိုးသင့်အကြောင်းသင့်တွေ အားလုံးကို ချိုးဖျက်ကာ၊ မင်းရဲ့ဘ၀ကြီးကို ဂျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်မယ့် လူတစ်ယောက်ပေါ်လာလိမ့်မယ်။ ဒါတောင် မင်းကလည်း အဲ့လိုဖြစ်ဖို့ကို လိုလားနေလိမ့်မယ်။

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now