Last Story - Chapter 10

2.6K 471 0
                                    


{Zawgyi}

•နင်ခန်း•

ရှယန် "..."

နင်ခန်း ကြောင်သွားတယ်။ သူ စကားတွေထစ်ငေါ့ကုန်တယ် "ငါ မင်းကို လှည့်စားတာမဟုတ်ဘူးနော်၊ ဒီလေးနှစ်အတွင်း ငါတကယ် ငါတကယ်မရ..."

ရှယန် ပြုံးနေတယ်။ သူ့မျက်လုံးတွေထဲက ရီဝေဝေဖြစ်နေတာတွေ လုံးဝကွယ်ပျောက်သွားပြီး သူ့အမူအယာက ငယ်ရွယ်စဉ်တုန်းကလိုမျိုး နူးညံ့လာတယ် "ငါသိပါတယ်"

နင်ခန်းက ဒီလိုကိစ္စမျိုးကို လိမ်ညာမှာမဟုတ်ဘူး။ အကယ်၍ သူတကယ်မလုပ်နိုင်တာကြောင့်သာ မဟုတ်ရင် သူ့တစ်ဘဝလုံး ဒါကို ပြောထွက်မှာမဟုတ်ဘူး။

ဒါက သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ကားကြောင့် ခေါင်းအုံးလေးပိုက်ပြီး တုန်ရီနေရတာတောင် သူ သရဲကြောက်တယ်ဆိုတာ ဝန်မခံတဲ့လူဆီက ထွက်လာတဲ့စကားဖြစ်တယ်။

နင်ခန်း သက်ပြင်းချကာ ခေါင်းလေးငုံ့ပြီး ခပ်တိုးတိုးရေရွတ်လိုက်တယ် "ဘာလို့ ရုတ်တရက်ကြီး အဆင်ပြေသွားရတာလဲ၊ ဆန်းကြယ်လိုက်တာ"

ရှယန် ထပ်မကြည့်ရဲတော့ဘူး။ သူ့အဝတ်အစားတွေကို ပြန်ပြင်ပေးပြီး ပြောလိုက်တယ် "နောက်တောင်ကျနေပြီလေ၊ အိပ်သင့်ပြီ"

နင်ခန်း ရှယန်ကို ကြည့်လိုက်တယ် "အတူအိပ်ကြစို့လေ?"

ရှယန် "Mn" သူ့အသံက လက်ရှိ သူ့ခန္ဓာကိုယ်လိုမျိုး တကယ့်ကိုပေါ့ပါးနေတယ်။

အိပ်တာကို ပြောရမယ်ဆိုရင် ကလေးဘဝတုန်းက နင်ခန်းက သူ့အမေထက် ရှယန်ရဲ့အိပ်ရာပေါ်ကို မကြာခဏပို'တက်'ဖြစ်တယ်။

ထိုအချိန်က ပါပါးနင်က အနောက်တိုင်းစတိုင်အုပ်ထိန်းမှုနဲ့သာ စောင့်ရှောက်စေတယ်(သူ့အမျိုးသမီး ခိုးယူခံရမှာကြောက်ရွံ့)။ နင်ခန်း သုံးလသားအရွယ်မှာတင် ပါပါးနင်က သူ့ကို ကလေးပုခက်လေးဆီ မောင်းထုတ်လိုက်ပြီဖြစ်တယ်။ နို့ပြတ်သွားတဲ့အခါ ချက်ချင်းဆိုသလို နေ့ကလေးထိန်းကျောင်းဆီကို ဖယ်ထုတ်လိုက်ပြန်တယ်။ သူ့ခမျာ ဘယ်တုန်းကမှ စုံတွဲရဲ့ညတာဘဝလေးကို နှောင့်ယှက်ခွင့်မရခဲ့ဘူး။

ရှယန်နဲ့ မတွေ့သေးခင်အထိ နင်ခန်းတစ်ယောက်တည်းသာ အမြဲအိပ်ခဲ့ရတယ်။

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now