Last Story - Chapter 7

2.5K 507 7
                                    


{Zawgyi}

•နင်ခန်း ငါမင်းကိုချစ်တယ်၊ ကလေးတွေကြားက ချစ်ခြင်းလိုမျိုးမဟုတ်ဘူး မင်းရဲ့အရာအားလုံးကို ငါ့တစ်ယောက်တည်းအပိုင်ဖြစ်ချင်သလိုမျိုး•

ရှယန်ရဲ့မျက်ခုံးတွေ တွန့်ချိုးသွားတယ်။ အဆုံးမှာတော့ သူ နင်ခန်းရဲ့စကားတွေကို တကယ် ဆက်နားမထောင်နိုင်တော့ဘူး "ငါ့ကိုယ်ငါ ထိန်းချုပ်ထားတာ၊ တကယ်လို့ အချိန်သာကုန်လွန်သွားခဲ့ရင် ငါလုပ်ကောင်းလုပ်နိုင်..."

ဒီစကားလုံးတွေက သူ့ရဲ့ခံယူချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာကြောင့် ပြီးဆုံးအောင် မပြောနိုင်ဘူး။

အံ့ဩလွန်းလို့ စကားတောင်မပြောနိုင်သေးဘဲ နင်ခန်း သူ့မေးခွန်းကိုသာ ထပ်ရွတ်လိုက်တယ် "မင်းက ငါ့ကိုချစ်တယ်?" နောက်ဆုံးစကားလုံးမှာ သူ့လေသံကို မြှင့်ပစ်လိုက်တယ်။

ဒီပုံစံကိုမြင်တော့ ရှယန်အနည်းငယ် တုန်လှုပ်သွားရတယ် "မင်း ငါ့ကို ခွင့်မလွှတ်နိုင်ဘူးဆိုတာ ငါသိတယ်၊ ငါ့ကိုယ်ငါလည်း ခွင့်မလွှတ်နိုင်ဘူး"

'ငါ မင်းကို ချစ်နေတာကြောင့်'

ဒီမလိုလားအပ်တဲ့ခံစားချက်က သူတို့ကြားမှာ ကလေးဘဝတည်းက အခုချိန်ထိ တည်ဆောက်လာခဲ့ရတဲ့ သူငယ်ချင်းဆက်ဆံရေးကို အဆုံးသတ်စေတဲ့သဘောသက်ရောက်ပြီး အရင်လိုတူညီတာမျိုး ထပ်မကျန်တော့သလိုဖြစ်စေတယ်။

သူက အဓိကတရားခံ၊ သူ တကယ်ကို သိပါတယ်၊ ဒါပေမယ့်...

အကယ်၍များ လူတွေသာ သူတို့ရဲ့ကိုယ်ပိုင်နှလုံးသားတွေကို ထိန်းချုပ်နိုင်ရင် ဒီလောက်ထိ နာကျင်ရပါ့မလား?

နင်ခန်း သူ့ခန္ဓာကိုယ်ကို မလှုပ်မယှက်ထားကာ ရှယန်ကို စိုက်ကြည့်နေမိတယ်။ တဖြည်းဖြည်း သူ တခြားဘက်က လှည့်မေးလိုက်တယ် "လွန်ခဲ့တဲ့လေးနှစ်တုန်းက မင်းငါ့ကို ဘာကြောင့် လုပ်ခဲ့တာလဲဆိုတဲ့အကြောင်းပြချက်က ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့ မင်း..."

နင်ခန်းလည်း ဘာကြောင့်မှန်းမသိ ရုတ်တရက်ဆိုသလို သူစကားမဆက်နိုင်တော့ဘူး။

သူ ဘယ်တုန်းကမှ မခံစားဖူးတဲ့ အပူလုံးက သူ့လည်ချောင်းတစ်လျှောက် ဆန်တက်လာပြီး သူ့ကိုမွန်းကျပ်ကာ မျက်နှာတွေပါ နီရဲတက်လာစေတယ်။

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now