Second Story - Chapter 4

3.1K 659 3
                                    

{Zawgyi}

•မင်းသူမကို ကြိုက်နေတုန်းလား?•

ကျူအန်းဇီနဲ့ ကျောင်ယွမ်ချန်းတို့ တစ်ခန်းထဲမှာ အတူတူနေရတယ်။ အခု ကျူအန်းဇီရဲ့ အိပ်ရာဘေးမှာ ဟာလာဟင်းလင်းဖြစ်နေတုန်းပဲ။ ခပ်မှိန်မှိန်မီးရောင်အောက်က သပ်ရပ်လှတဲ့အဖြူရောင်အိပ်ရာခင်းက အသုဘခန်းမမှာ ဆင်ယင်ပေးထားသလိုမျိုး စိတ်ပျက်စရာကောင်းပြီး တိတ်ဆိတ်လို့နေတယ်။

ကျူအန်းဇီ မျက်နှာကျက်ကို စိုက်ကြည့်ပြီး သူက နှင်းလိုဖြူဆွတ်နေတဲ့ ပန်းတွေပေါ်မှာ လှဲနေရတယ်လို့ စိတ်ကူးယဉ်လိုက်တယ်။ သူ့မျက်လုံးတွေကို မှိတ်လိုက်တာနဲ့ တခြားကမ္ဘာကို ကူးပြောင်းသွားတော့မလိုပဲ။

'ding'ဆိုတဲ့အသံနဲ့အတူ တံခါးပွင့်လာတယ်။ အရက်နံ့တွေ မွှန်ထူနေတဲ့ကျောင်ယွမ်ချန်းက ရုတ်တရက်ကြီး ကတိုက်ကရိုက်ဝင်လာတယ်။

ကျူအန်းဇီလည်း အလန့်တကြား ထထိုင်မိတယ်။ ကျောင်ယွမ်ချန်းက သူထွက်ပြေးသွားမှာကို စိုးရိမ်နေသလိုမျိုး ကျူအန်းဇီရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာတယ်။ ကျောင်ယွမ်ချန်းက ကျူအန်းဇီကို စိုက်ကြည့်ပြီး နီရဲနေတဲ့မျက်လုံးတွေနဲ့ ပြောလိုက်တယ် "သူက ဘေးအခန်းမှာ"

ကျူအန်းဇီရဲ့နှလုံးသားက ရုတ်ခြည်း တင်းကျပ်သွားတယ်။ ဒီစကားကနေ ကျောင်ယွမ်ချန်း ဘာကိုဆိုလိုချင်မှန်း သူမသိဘူး။

ကျောင်ယွမ်ချန်း ကျူအန်းဇီကို စိုက်ကြည့်နေတယ်။ သူကနီးကပ်လွန်းတာကြောင့် ကျူအန်းဇီ စကားတစ်ခွန်းတောင် မပြောနိုင်ဖြစ်နေချိန်မှာ သူပြောလာတယ် "သူက အခုလောလောဆယ် ရေချိုးပြီးတော့ ငါ့ကို စောင့်နေတယ်"

အဆုံးသတ်မှာ ကျူအန်းဇီ ကျောင်ယွမ်ချန်းကို ကြည့်မနေနိုင်တော့ဘူး။ သူ့ရဲ့နှုတ်ခမ်းပါးက လှုပ်ရှားသွားပြီး ပြန်ဖြေပေးလိုက်တယ် "ဒါဆိုလည်း မင်းသွားသင့်ပြီ"

ကျောင်ယွမ်ချန်းက ကျူအန်းဇီ သူ့ကိုမော့ကြည့်လာအောင် အတင်းအကျပ်လုပ်လိုက်တယ် "ငါ သူနဲ့ အိပ်တော့မှာ"

"ဪ" ကျူအန်းဇီရဲ့မျက်နှာက ထပ်ပြီးနီထွေးစရာတောင် မရှိတော့ဘူး။ သူ့အသံကလည်း တိုးဖျော့လွန်းတာကြောင့် ထပ်တောင်မကြားနိုင်သလောက်ပဲ။

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now