First Story - Chapter 3

6.2K 1K 2
                                    

{Zawgyi}

•မင်းငါ့ကို တကယ်ပဲလက်ထပ်ချင်တာလား?•


ကုန်းဂျင်က အတိတ်ကို လွမ်းဆွတ်သွားသယောင်၊ မလိုလားသယောင်၊ နောင်တရသယောင် တစ်စက်မှမရှိဘဲ ထွက်သွားတယ်။ ဒါက မြောက်မြားစွာသောဆွေးနွေးညှိနှိုင်းခြင်းတွေထဲက ရိုးရှင်းတဲ့တစ်ခုသာဆိုရင် သူဟာ သူ့ပြိုင်ဘက်ရဲ့အညှာအတာမဲ့ ရိုက်ချခြင်းကို ခံလိုက်ရပြီဆိုပြီး တွေးနိုင်တယ်။

ဟဲ့လင် ကုန်းဂျင်ကို လိုက်ပိုးတုန်းက လူတိုင်းက သူရူးနေပြီဆိုပြီး ပြောခဲ့ကြတယ်။

လူတိုင်းပြောကြတာ ကုန်းဂျင်က အရမ်းကိုအေးစက်လွန်းလို့ သူ့ရဲ့အဖေရင်းကတောင် သူဘယ်သူ့ကိုမှ ချစ်မိမှာမဟုတ်ဘူးဆိုပြီး ပြောခဲ့တယ်တဲ့။

ဟဲ့လင်လည်း သူရူးနေပြီလို့တောင် ထင်မိတယ်။

သာမန်ညနေခင်းပါတီလေးမှာ ဖျတ်ခနဲတစ်ချက်အကြည့်ခံလိုက်ရရုံနဲ့တင်ကို လုံးဝကျရှုံးသွားဖို့ လုံလောက်ခဲ့တယ်။

မင်းနဲ့သက်ဆိုင်တဲ့လူကို တကယ်မတွေ့ရသေးခင်အချိန်ထိ တစ်စုံတစ်ယောက်ကို မင်းဘယ်လောက်ထိသဘောကျနိုင်သလဲဆိုတာ မင်းလုံးဝသိမှာမဟုတ်ဘူး။

ကုန်းဂျင်ကို ပထမဆုံးမြင်လိုက်ရချိန်မှာ သူတော့သွားပြီဆိုတာ ဟဲ့လင်သိခဲ့တယ်။

ဟဲ့လင် ကုန်းဂျင်ရဲ့တင်းကျပ်တဲ့ကော်လံကို ဖြေလျော့ပေးချင်တယ်၊ သူ့ရဲ့ဖြူဖျော့နှုတ်ခမ်းလေးတွေကို နမ်းရှိုက်ချင်တယ် ပြီးတော့ သူ့ရဲ့အေးစက်ပြီး နှင်းတွေခဲနေသလိုမျက်ဝန်းတွေကို ခံစားချက်တွေနဲ့တဖြတ်ဖြတ်လက်နေစေချင်တယ်။

သူအဖြစ်ချင်ဆုံးက ကုန်းဂျင်ရဲ့ထိုင်းမှိုင်းနေတဲ့မျက်လုံးတွေက သူ့ကိုတုန့်ပြန်မှုပေးလာတာကိုပဲဖြစ်တယ်။

ဟဲ့လင် ကုန်းဂျင်ကို နှစ်ဝက်လောက်လိုက်ပိုးခဲ့ရတယ်။ သူလုပ်နိုင်သမျှ အားလုံးလုပ်ခဲ့တယ်။ ကုန်းဂျင်ရဲ့အတွင်းရေးမှုးတစ်အုပ်စုလုံးကိုတောင် သူ့ကိုထောက်ပံ့ပေးတဲ့အုပ်စုအဖြစ် ပြောင်းလဲခဲ့တယ်။

တစ်ရက်မှာ ကုန်းဂျင်သူ့ကိုမေးလာတယ်။ "မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ?"

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now