First Story - Chapter 5

5.7K 1K 10
                                    

{Zawgyi}


•ကုန်းဂျင်က သူ့ကိုမချစ်ဘူး•


ဧည့်သည်အခန်းမှာ နေရင်း ဟဲ့လင်တစ်ယောက် ပူပန်ကြောင့်ကြနေရသလို စိတ်မသက်မသာလည်း ဖြစ်နေရတယ်။

ညဥ့်နက်ချိန်မှာ အိပ်ရာကထပြီး အိပ်ခန်းကျယ်ကြီးဆီကို သွားလိုက်တယ်။ ကုန်းဂျင် အိပ်ရာရဲ့ဘယ်ဘက်အခြမ်းမှာ အေးချမ်းစွာအိပ်နေပြီဆိုတာကို မြင်လိုက်ရတယ်။

သူတစ်ညလုံး အိပ်လို့မရနိုင်ဖြစ်ခဲ့ပေမယ့် ကုန်းဂျင်ကတော့ နှစ်နှစ်ခြိုက်ခြိုက်တောင်အိပ်ပျော်နေတယ်။

သူ့ဘက်အခြမ်းမှာပဲအိပ်နေတာဖြစ်ပြီး 'မျဉ်း'ကိုတောင် လုံးဝမကျော်ထားဘူး။

ညလုံးပေါင်း လသာဆောင်မှာ ဟဲ့လင်ဆေးလိပ်သောက်နေခဲ့ပြီး နောက်တစ်နေ့ နေ့ထွက်ထွက်လာချင်း သူနောင်တရမိတယ်။

သူ့ရဲ့နိယာမတွေက ကုန်းဂျင်ရှေ့မှောက်မှာဆို ဘာအဓိပ္ပါယ်မှမရှိဘူး။

ယခင်ကရခဲ့တဲ့သူတို့ရဲ့နေထိုင်မှုဘ၀မျိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ သူ့ဘက်က အဖြေမရှာသင့်သလို စူးစမ်းတာမျိုးလည်း မလုပ်ခဲ့သင့်ဘူး။

လူတွေက အရမ်းအလိုမကြီးသင့်ဘူး၊ ကုန်းဂျင်ကို အရင်ဆုံးလိုက်ပိုးခဲ့တာက သူဖြစ်နေခဲ့တဲ့အတွက် သူဘာများပြောနိုင်တော့မှာလဲ?

ကုန်းဂျင်ကို သူ့နားမှာ ခုနစ်နှစ်ထားခဲ့ပြီးပြီ။ ကုန်းဂျင် သူ့ကိုမချစ်နိုင်သေးဘူးဆိုရင် သူဘာလုပ်နိုင်မှာလဲ?

'ဒီလိုပုံမျိုးက...' အခုချိန်မှာ ကုန်းဂျင်က သူနဲ့ဒီလိုဘ၀ကို အသားကျနေတာဖြစ်လောက်မယ်။

သူက မူလအခြေအနေကို ဆက်ပြီးထိန်းထားသရွေ့ ကုန်းဂျင်ကလည်း သေချာပေါက် ဆက်ထိန်းနေလိမ့်မယ်။

ဘာတွေမှားကုန်းတာလဲ? သူကသာ စိတ်နှစ်ထားရတဲ့သူဖြစ်ပေမယ့် သူတို့ရဲ့နေ့ရက်တွေက အချစ်တွေနဲ့သာပြည့်နေခဲ့တာဖြစ်တယ်။

တွေးကြည့်ရင် လွယ်ကူပေမယ့် တကယ်တမ်းလုပ်ကြည့်ရင် မလွယ်လှဘူး။

မနက်ရောက်တော့ ဟဲ့လင် ကုန်းဂျင်ကို မနမ်းခဲ့ဘူး။ ကုန်းဂျင်ကလည်း သူ့ကိုမနမ်းဘူး။

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now