Last Story - Chapter 6

2.4K 491 7
                                    

{Zawgyi}

•မင်းက... ငါ့ကို ချစ်တယ်?•

ဒီအခိုက်အတန့်မှာ နင်ခန်း ထိတ်လန့်သွားရတယ်။

မေ့လျော့နေခဲ့တဲ့မှတ်ဉာဏ်တွေကလည်း ပြန်လည်ထွက်ပေါ်လာတယ်။ သူ့ရှေ့မှာရှိတဲ့ရှယန်က မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ထက်တောင် ပိုပြီးရက်စက်ကာ ကြောက်စရာကောင်းတဲ့ပုံ ပေါ်နေသေးတယ်။

နင်ခန်း နေရာမှာတင် ရပ်နေပြီး စိတ်ကလည်း ဗလာကျင်းသွားကာ ဘာပြောရမှန်းမသိဖြစ်နေတယ်။

ရှယန် သူ့ကိုယ်သူ မထိန်းချုပ်ထားနိုင်တော့ဘူး။

ကိစ္စတွေက ကြောက်စရာကောင်းလောက်အောင် ရှုပ်ထွေးသွားခဲ့တာကြောင့် ဒီ့ထက်ပိုဆိုးအောင် မလုပ်သင့်တော့ဘူး။

နင်ခန်းဘေးမှာ ကပ်နေပြီး သူ့ကိုယ်သူ ဖြေးဖြေးချင်း ညှင်းသတ်နေတာထက် တစ်ချက်တည်းနဲ့ အားလုံးကို အပြတ်ရှင်းလိုက်တာက ပိုကောင်းလိမ့်မယ်။ ဒီလို ငြီးငွေ့ဖွယ်ကောင်းတဲ့ဘဝကြီးကို သူတစ်ယောက်တည်း ရှေ့ဆက်နိုင်တယ်။

"ငါ့ရှေ့မှာ ဘယ်တော့မှ ထပ်မပေါ်လာနဲ့" ရှယန် နင်ခန်းကို စိုက်ကြည့်ကာ နင်ခန်းစိတ်ထဲ စွဲထင်သွားစေရန်အလို့ငှာ ဒီစကားတွေ ပြောလိုက်တယ် "မဟုတ်ရင် လွန်ခဲ့တဲ့လေးနှစ်တုန်းကလို ကိစ္စတွေ ထပ်ဖြစ်သွားနိုင်တယ်"

လွန်ခဲ့တဲ့လေးနှစ်တုန်းက ဘာဖြစ်ခဲ့တာလဲ?

ဒါက နင်ခန်း မေ့ပစ်နိုင်ဖို့ အကောင်းဆုံးကြိုးစားခဲ့သော်လည်း သူ့ဦးနှောက်တစ်ခုလုံးကို ဆိုးဆိုးဝါးဝါး လွှမ်းမိုးခဲ့တဲ့ တစ်စုံတစ်ရာဖြစ်တယ်။

တစ်ညတွင်းချင်းမှာတင် သူ့ရဲ့သွေးသောက်ညီအစ်ကိုက သူ့ကို ဆန့်ကျင်ခဲ့တယ်။ လေးနှစ်ကုန်လွန်ခဲ့တာတောင်မှ အကြောင်းပြချက်က ဘာမှန်း နင်ခန်းမတွေးနိုင်သေးဘူး။

သူက ရှယန်ကို မိန်းမတစ်ယောက်လို ဆက်ဆံခဲ့တာကြောင့်လား?

သူက စိတ်ကြီးဝင်ပြီး ရှယန်ကို နမ်းဖို့ကြိုးစားခဲ့တာကြောင့်လား?

သူ့ကိုဆန့်ကျင်ဖို့ ရှယန်ရဲ့လက်တုံ့ပြန်မှုလား?

ဒါမှမဟုတ် ရှယန်က ချင်စီကျဲ့ကို သဘောကျခဲ့တာကြောင့်...

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Où les histoires vivent. Découvrez maintenant