Last Story - Chapter 9

2.6K 500 18
                                    

{Zawgyi}

•ငါမင်းကို တစ်ခုခုပြောဖို့လိုတယ်•

နင်ခန်း ဆွံ့အသွားရတယ်။ သူ တင်းနေအောင် ဆုပ်ကိုင်ထားတဲ့ခေါင်းအုံးလေးလည်း ပြုတ်ကျသွားတယ်။ လူကိုင်ထားသလိုအတိုင်းလေးပဲ ခေါင်းအုံးက ကြမ်းပြင်ပေါ် ဖြေးဖြေးလေးပြုတ်ကျသွားတာဖြစ်တယ်။

"ရွံစရာကောင်းလား?" ရှယန် လူချင်းခွာပြီး မေးလိုက်တယ်။

သူ့အသံက အလွန်ကိုတည်ငြိမ်နေပေမယ့် သူ့ရဲ့နက်မှောင်နေတဲ့မျက်တောင်တွေက မသိမသာတုန်ယင်နေတယ်။

နင်ခန်းကတော့ လန့်ဖြန့်နေရာက သတိပြန်မဝင်လာသေးဘူး။

ရှယန် သူ့ကိုစိုက်ကြည့်နေလိုက်တယ်။ ကုန်လွန်သွားတဲ့စက္ကန့်တိုင်းက သူတို့ဝေးကွာခဲ့တဲ့လေးနှစ်တာလိုမျိုး သိပ်ကိုရှည်ကြာလွန်းတယ်။

သတိပြန်ဝင်လာတဲ့နောက်မှာ နင်ခန်းနားရွက်တွေ နီရဲလာတယ် "ငါက ဘာလို့ရွံရမှာလဲ..."

ရှယန်နှလုံးသားက အပြင်းအထန်ခုန်ပေါက်လာတယ်။ သူ့အသံက အနည်းငယ်အက်ကွဲနေပြီး ထပ်မေးလာတယ် "မင်း ဒါကို မုန်းလား?"

နင်ခန်းရဲ့ဦးနှောက်လမ်းကြောင်းက တခြားတစ်ခုကို အာရုံရောက်နေတယ်။ သူ မေးလာတာက "အဲ့တော့ မင်းက ငါနဲ့တွဲဖို့ သဘောတူလိုက်တာလား?"

ရှယန် နင်ခန်းရဲ့လက်ကို ဆွဲလိုက်တယ်။ သူက အားသုံးတာအတော်လေးများသွားတာကြောင့် ဒီလိုလက်ချောင်းသွယ်သွယ်လေးတွေကိုတောင် ချိုးမိတော့မလိုဖြစ်နေတယ် "နင်ခန်း..."

ရှယန် သူ့နာမည်ကို ခေါ်လိုက်ပေမယ့် နောက်ထပ်ဘာပြောရမှန်း မသိတော့ဘူး။

ပီတိဖြာခြင်းနဲ့ ကြောက်ရွံ့ခြင်းက သူ့ရဲ့အာရုံကြောတွေတစ်လျှောက် ပြင်းထန်တဲ့မုန်တိုင်းတွေနဲ့ တဝေါဝေါမြည်နေတဲ့ လှိုင်းလုံးကြီးတွေလို ဖြတ်သန်းနေပြီး သူ့ကို တိမ်တွေပေါ် ခြေလှမ်းမိသလို ဗလာကျင်းခံစားချက်ကို ရစေတယ်။

'တကယ်လား?'

'ဒါက တကယ်ပဲလား?'

မှောင်မိုက်တဲ့ညအချိန်မှာ သူတို့တွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သင့်နေတာကို ဒီလိုမျိုးအရာက ဖြစ်ပေါ်ခဲ့တယ်။ ဒီဟာက အိမ်မက်တစ်ခုလားဆိုပြီး သံသယမဝင်သင့်ဘူးလား?

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now