First Story - Chapter 7

5.9K 1.1K 5
                                    

{Zawgyi}


•သူ့နှလုံးသားအလိုလိုက်ပြီး တခြားလူနဲ့ချစ်မိ•


ကုန်းဂျင် 'မာမား'လို့ပြောနိုင်တဲ့အချိန်မှာ သူ့အမေက ပြင်သစ်ကိုပြန်သွားတယ်။

ဒီတရုတ်ပြင်သစ်စပ် အမျိုးသမီးက သူမရဲ့ယောက်ကျာ်းကို သည်းမခံနိုင်သလို သားလည်းမလိုချင်ခဲ့ဘူး။

ကလေးဘ၀ကနေ အရွယ်ရောက်တဲ့အထိ ကုန်းဂျင်က အမြဲတမ်းထူးချွန်ခဲ့တယ်။

ပုံမှန် 'ထူးချွန်'တာမျိုးမဟုတ်ဘဲ သူ့အသက်အရွယ်ထက်ကျော်လွန်ကာ လန့်စရာကောင်းလောက်အောင် 'ထူးချွန်'တာဖြစ်တယ်။

စာမေးပွဲတွေတိုင်းမှာ ပထမနေရာကိုသာ အမြဲတမ်းယူထားတယ်။ သူ့အဖေရဲ့လိုအပ်ချက်တွေအားလုံးကို ကျေနပ်စေပြီး နောက်ဆုံးမှာ သူ့အဖေကို ကျော်လွန်ပြီး သူ့နေရာကိုဝင်ရောက်ခဲ့တယ်။

လွန်ကျူးစွာကိုယ့်ကိုယ်ကို ထိန်းကျောင်းတာက သူ့ဘ၀ကို ရေသေကန်ကြီးတစ်ခုလို ဖြစ်သွားစေတယ်။

သူ့ဘ၀မှာ ပထမဆုံးမတော်တဆက ဟဲ့လင်ဖြစ်တယ်။

ဟဲ့လင်က နားလည်ရခက်စွာဝင်ရောက်လာခဲ့တယ်။ ရွှေရောင်ဓားတစ်ချောင်လိုမျိုး သူ့ဘ၀ကြီးကို ခွဲကာ အဆုံးမရှိတဲ့ရောင်ခြည်တွေ ဆောင်ယူလာပေးခဲ့တယ်။

ဒီလောက်ထူးခြားပြောင်မြောက်တဲ့လူတစ်ယောက်ကို ကုန်းဂျင်ဘယ်တုန်းကမှ မတွေ့ဖူးသလို၊ ဒီလောက်ထိန်းရခက်တဲ့လူမျိုးကိုလည်း သူမမြင်ခဲ့ဖူးဘူး။

သူတို့က အလင်းနဲ့အမှောင်၊ အဖြူနဲ့အမည်းလို လုံးဝကိုဆန့်ကျင်ဘက်တွေဖြစ်တယ်။

ကုန်းဂျင် ဟဲ့လင်ကို သဘောကျတယ်။ သူ့ရဲ့အရာအားလုံးကို သဘောကျတယ်။

အဲ့တာကြောင့်ပဲ မရနိုင်မယ့်တစ်စုံတစ်ရာကို သူတောင့်တမိခဲ့တယ်။

ဟဲ့လင် သူ့ကိုဝန်ခံလာချိန်မှာ...

သူ့ဘ၀မှာ ပထမဆုံးအကြိမ်ဖြစ် ပျော်ရွှင်မှုဆိုတဲ့အရာကို ကုန်းဂျင်ခံစားမိခဲ့တယ်။

လက်ထပ်ပြီးနောက် နေ့ရက်တိုင်းက ကုန်းဂျင်အတွက် အိမ်မက်မက်နေသလိုပဲ။

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now