Second Story - Chapter 6

3.3K 688 13
                                    

{Zawgyi}

•ချစ်တယ် ချစ်တယ် ချစ်တယ်•

ကျူအန်းဇီနှလုံးသားက တုန်ရီသွားတယ်။ ကျောင်ယွမ်ချန်းရဲ့အတိတ်က ခံစားချက်တွေ ဒါမှမဟုတ် ကျောင်ယွမ်ချန်းက တခြားသူတွေနဲ့ မွှန်ထူခဲ့တဲ့အကြောင်းကို သူမကြားလိုဘူး။

အဲ့အစား ကျောင်ယွမ်ချန်းက အားလုံးကို ထုတ်ဖော်ပြတော့တယ်။ သူ အိပ်ရာဘေးဘက်ကို မှီထိုင်ပြီး မျက်လုံးတွေပေါ် လက်အုပ်ထားကာ အလင်းရောင် တိုးဝင်မလာအောင် ကာထားတယ် "ငါ လော့ဟွေ့ယန်ကို အားကျတယ်၊ မင်းရဲ့ ကြိုက်တာကို ခံရတဲ့အတွက် အားကျတယ်၊ မင်း လက်လျှော့သွားပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငါ သူ့ကို လိုက်ခဲ့တာ"

ကျောင်ယွမ်ချန်း ခဏလောက် ရပ်သွားပြီးမှ သူ့ကိုယ်သူ လှောင်နေတဲ့အသံနဲ့ ပြောလာတယ် "တောင်းပန်ပါတယ်၊ ငါ မင်းကို ချစ်မိနေလို့"

ကျုအန်းဇီ ဆွံ့အသွားတယ်။ သူ့မျက်လုံးတွေ ပြူးကျယ်နေပြီး သူ အိမ်မက်,မက်နေတာ ဖြစ်လောက်မယ်လို့ ထင်မိနေတယ်။

ကျောင်ယွမ်ချန်းက သူ့ကိုကြည့်မနေဘူး။ ဒီတိုင်းမတ်တပ်ထကာ စိတ်ပျက်မှုအပြည့် အားငယ်နေတဲ့အသံနဲ့ စကားလုံးတချို့ ပြောလာတယ် "မင်းကို ဘာကြောင့် ကြိုက်မိနေမှန်း ငါမသိတော့ဘူး၊ ငါတို့နှစ်ယောက်လုံးက ယောကျာ်းလေးတွေဆိုတာ အရှင်းသားကြီးဖြစ်နေတာတောင်... ကြောက်စရာကောင်းတယ် မဟုတ်လား? ဒါပေမယ့် မင်းပြောခဲ့သလိုပဲလေ၊ ငါမင်းကို ဒီတိုင်းလေးပဲ သဘောကျတာ၊ အကြောင်းပြချက်မရှိဘူး"

ကျောင်ယွမ်ချန်း တံခါးဖွင့်လိုက်ချိန်မှ ကျူအန်းဇီ ရုတ်တရက် သတိဝင်လာတယ်။

အပြင်ဘက်က အမှောင်ထုက တိုးဝင်လာတယ်။ ကျောင်ယွမ်ချန်း တစ်လှမ်းထွက်သွားတာနဲ့ ဝါးမြိုခံလိုက်ရတော့မယ့်အတိုင်းပဲ။

ကျူအန်းဇီ ရုတ်တရက် မတ်တပ်ထကာ သူ့ရဲ့အင်အားတွေ အားလုံးသုံးပြီး ကျောင်ယွမ်ချန်းရဲ့ နောက်ကျောကို ဖက်ထားရင်း ပြောလိုက်တယ် "ငါ..."

သူ့ပါးစပ်ကို ဟလိုက်ပေမယ့် တစ်လုံးမှ ထွက်မလာသလို၊ သူကလည်း ပြောလိုက်ရမှာကို ကြောက်နေမိတယ်။ ဘာကြောင့်များလဲ? ဒါသာ အိမ်မက်တစ်ခုဖြစ်နေခဲ့ရင် သူ တစ်ခုခုပြောလိုက်တာနဲ့ နိုးသွားမှာစိုးတာကြောင့်ဖြစ်တယ်!

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now