Last Story - Chapter 1

4.4K 618 26
                                    


{Zawgyi}

•ရွက်သစ်ပြောင်းသွားတဲ့ ပေါ့ပျက်ပျက်Shou•

သူ့ဘ၀တစ်လျှောက်လုံးမှာ နင်ခန်းကြောက်ရတဲ့ လူနှစ်ယောက်ပဲရှိတယ်။

တစ်ယောက်က သူ့အဖေဖြစ်ပြီး နောက်တစ်ယောက်က ရှယန်ဖြစ်တယ်။

သူ့အဖေက ဩဇာညောင်းလွန်းတာကြောင့် နင်ခန်း သူ့ကိုကြောက်ရတယ်ဆိုတာက ပုံမှန်ပဲဖြစ်တယ်။

နင်ခန်းက ရှယန်ကို ဆယ်နှစ်ကျော်လောက် အနိုင်ကျင့်လာခဲ့တာဖြစ်တဲ့အတွက် အကျိုးသင့်အကြောင်းသင့်ပြောရရင် နင်ခန်းဘ၀မှာ မကြောက်ရဆုံးလူက သူဖြစ်သင့်တယ်။ သို့ပေမယ့် သူ့ရဲ့အထက်တန်းကျောင်းဆင်းချိန်မှာ သူအတော်လေးမူးနေခဲ့ပြီး နားဝေတိမ်တောင်ဖြစ်ကာ ရှယန်ကို မိန်းကလေးတစ်ယောက်အဖြစ် အမှတ်မှားခဲ့တယ်။ နေ့တိုင်း ဘာဖြစ်ခဲ့တယ်ဆိုတာကို မေ့ပျောက်ဖို့ ကြိုးစားခဲ့ပေမယ့် နေ့တိုင်း ဘယ်တော့မှ မအောင်မြင်ခဲ့ဘူး။ ဘာကြောင့်ဆို ထိုနေ့မှာတင် သူ့ရဲ့ကိုယ်ပိုင်ဖင်လေး ကွဲမတတ်အဖွင့်ခံခဲ့ရတာကြောင့် အမှန်တကယ်ကို မမေ့နိုင်ဘူး!

ထိုအချိန်တည်းက သူ ရှယန်ကို ပုန်းရှောင်နေခဲ့လိုက်တယ်။ တက္ကသိုလ်စတက်ရချိန်မှာ သူချက်ချင်းပဲ နိုင်ငံခြားထွက်သွားလိုက်တယ်။ ရှုယန်ရှိတဲ့ ဘယ်နေရာမဆို သူမနေနိုင်ဘူး!

ဒီလိုမျိုး လေးနှစ်လောက် ပုန်းနေခဲ့ပြီးနောက် သူ့အဖေက သူ့ကိုတစ်ချက်လွှတ်အမိန့်နဲ့ ပေးလာတာကြောင့် အိမ်ပြန်လာရတော့တယ်။ "မင်း နောက်တစ်ပတ်ကျရင် ရှကုမ္ပဏီကို အလုပ်သင်အဖြစ်လာပြီး ရှယန်ဆီမှာ သေချာသင်ယူမယ်ဆိုပြီး ငါ မင်းရဲ့ ဦးလေးရှကို ပြောထားတယ်!"

နင်ခန်း ပြောစရာစကားတွေ ပျောက်ရှကုန်တယ်!

'ရှယန်နောက်လိုက်ပြီး သင်ယူရမယ်?'

'ဘာကို သင်ယူရမှာလဲ? သူ ကျွန်တော့်ကို ဘယ်လိုဟိုဒင်းသွားလဲဆိုတာကို သင်ရမှာလား?'

'နင်ခန်းဆိုတဲ့ ကျွန်တော့်မှာ အရှက်မရှိတော့ဘူးလို့ ထင်နေတာလား?!'

နင်ခန်း အကြိတ်အနယ်ငြင်းတော့တယ်၊ သူ ပြတ်ပြတ်သားသားကို ရှကုမ္ပဏီမှာ အလုပ်သင်မလုပ်ချင်ဘူး။

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now