Second Story - Chapter 2

3.4K 642 1
                                    

{Zawgyi}

•ငါ သူ့ကိုဒီတိုင်းလေးပဲ သဘောကျတာ၊ အကြောင်းပြချက်မရှိဘူး•

နှစ်ဝက်လောက်ကြာတဲ့အခါ တောက်ပထိန်လင်းနေတဲ့နေရောင်အောင်မှာ လှပတဲ့ရွှေရောင်ဆံနွယ်တွေနဲ့ လော့ဟွေ့ယန်က အားကစားကွင်းထဲမှာ အားကစားသမားတစ်ယောက်ကို နမ်းခဲ့တယ်။

ကျောင်ယွမ်ချန်းရဲ့ မှုန်မှိုင်းနေတဲ့မျက်လုံးတွေကို ကျူအန်းဇီ မြင်သွားချိန်မှာ သူ့နှလုံးခုန်သံ မြန်လာတော့တယ်။

ကျောင်ယွမ်ချန်းက ထိုအားကစားသမားကျောင်းသားလေးနဲ့ ရန်ဖြစ်ခဲ့တယ်။ လော့ဟွေ့ယန်က သူတို့တွေကို ရပ်ဖို့ အော်ဟစ်ပြောဆိုနေပေမယ့် ထိုလူတွေက သူတို့ရဲ့ပိုင်နက်အတွက် တိုက်ခိုက်နေတဲ့ ခြင်္သေ့တွေလိုမျိုး ကျေအေးဖို့ ငြင်းဆန်ခဲ့ကြတယ်။

ကျောင်ယွမ်ချန်းရဲ့ပါးစပ်ထဲကနေ သွေးတွေထွက်လာတာကိုမြင်တော့ ကျူအန်းဇီလည်း ဘာမှတွေးမနေဘဲ သူ့ဆီအပြေးသွားလိုက်တယ်။ သူ မတိုက်ခိုက်နိုင်တာတောင်မှ သဘာဝအလျောက် ပြေးသွားမိခဲ့တယ်။ သူ ဘာလုပ်မိလဲသတိပြုမိချိန်မှာ သူ့စိတ်က ဗလာဖြစ်သွားတယ်။

တိုက်ခိုက်နေဆဲဖြစ်တဲ့ အားကစားသမားကလည်း ရုတ်တရက်ကြီး မျက်လုံးပြူးသွားတယ်။ ကျူအန်းဇီက ကျောင်ယွမ်ချန်းကို ကူညီပေးဖို့ လာတယ်လို့ထင်သွားတာကြောင့် ဆဲရေးဆိုရင်း ကျူအန်းဇီကို လက်သီးတစ်လုံး ပစ်ကျွေးလိုက်တယ်။

ကျူအန်းဇီ သူ့ဗိုက်ကို အုပ်ကိုင်ကာ လဲကျသွားတယ်။ သူ့ခေါင်းကလည်း မြေကြီးနဲ့ဆောင့်မိသွားတာကြောင့် ခဏတွင်းချင်း မျက်နှာက ဖြူလျော်သွားတော့တယ်။

ကျောင်ယွမ်ချန်း ရှုးရှုးရှားရှားဖြစ်သွားပြီး အားကစားသမားကို ပျော့ဖတ်သွားအောင် ထိုးတော့တယ်။

နောက်ပိုင်း ဆရာရောက်လာပြီး သူတို့သုံးယောက်လုံး အပြစ်ပေးခံခဲ့ရတယ်။ ကျူအန်းဇီနဲ့ ကျောင်ယွမ်ချန်းတို့ လျှောက်လမ်းမှာ အတူတူရပ်နေကြတယ်။

ကျောင်ယွမ်ချန်းက အချိန်အတော်ကြာအောင် တိတ်တိတ်လေးသာ နေနေခဲ့တယ်။ ဘာဖြစ်နိုင်မလဲဆိုတာကိုတောင်မတွေးဘဲ ကျူအန်းဇီ အပြေးလာတာကို တွေးမိတော့ အသံတိုးတိုးနဲ့ မေးလိုက်တယ် "သူမရဲ့ ဘယ်ဟာက ကြိုက်ဖို့အထိ ထိုက်တန်နေတာလဲ?"

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now