Last Story - Chapter 8

2.4K 504 1
                                    

{Zawgyi}

•တွဲကြည့်ကြတာပေါ့•

"ငါကဘယ်လိုလုပ် မင်းကို မုန်းနိုင်မှာလဲ..." ရှယန်အသံက လုံးဝကို အကူအကယ်မဲ့နေတယ်။

ရှယန်က နင်ခန်းရဲ့စနောက်မှုတွေကြောင့် နင်ခန်းကို သဘောမကျတာမျိုး၊ နင်ခန်းကို အပြစ်တင်တာမျိုး၊ စိတ်တိုတာမျိုး ရှိနိုင်ပေမယ့် နင်ခန်းကို ဘယ်တုန်းကမှ မမုန်းနိုင်ခဲ့ဘူး။

နင်ခန်းရဲ့နှုတ်ခမ်းပါးတို့က တုန်ရီလာတယ်။ သူ ခေါင်းကိုမော့ကာ ရှယန်ကို စိုက်ကြည့်ပြီး "မင်း တကယ်..."

နင်ခန်းကို မျက်နှာချင်းဆိုင်မြင်ရတဲ့အခါ သူ့နှလုံးသားအောက်ခြေမှာရှိတဲ့ ပြာမှုန့်တွေက ဖြေးဖြေးချင်းစီ မီးပွားအစလေးတွေအဖြစ် လောင်မြိုက်လာတယ်လို့ ရှယန်ခံစားလိုက်ရတယ်။ သူ ဆက်ပြီးတော့တောင် မတွေးရဲခဲ့ဘူး "ငါမင်းကို ချစ်တယ်၊ ငါ့ရဲ့ဒီခံစားချက်ကတော့ ပြောင်းလဲမသွားဘူး"

ရှယန် သက်ပြင်းအသာချလိုက်တယ် "နင်ခန်း အတိတ်က ငါတို့ရဲ့ဆက်ဆံရေးအတွက်ကြောင့်နဲ့ ငါ့ကို မနှောင့်ယှက်ပါနဲ့တော့"

နင်ခန်း အသံတိတ်သွားတယ်။

ရှယန် သူ့အကြည့်ကို ဆက်ပြီးထိန်းမချုပ်နိုင်ဘဲ နင်ခန်းကို ရင်းနှီးချစ်ခင်စွာ လောဘတကြီး ကြည့်နေမိတယ်။ သူက အသံဖျော့ဖျော့လေးနဲ့ ပြောလိုက်တယ် "ဒီလိုမျိုးဝန်ခံမှုကို ကြုံရရင် စိတ်ရှုပ်ထွေးသလိုပုံဖြစ်နေမယ့်အစား မင်းက လိုရင်းကို တန်းပြောပြီး ငြင်းပစ်ရမှာလေ၊ ငါက ဒီလိုကိစ္စမျိုးကို နောက်ပြောင်နေမယ့် လူစားမျိုးမဟုတ်ဘူး၊ ဒါက ကလေးကစားစရာမဟုတ်ဘူး... ငါပြောသမျှစကားလုံးတစ်လုံးချင်းစီတိုင်းကို အလေးအနက်ထားတယ်"

နင်ခန်း ရင်ခုန်နှုန်း အနည်းငယ်မြန်လာတယ် "ငါ သိပါတယ်၊ မင်းက ငါနဲ့မတူမှန်း ငါသိပါတယ်"

အတိအကျကိုပဲ ရှယန်က သူ့စကားကို အမှန်တိုင်းသာပြောတတ်တဲ့အတွက်ကြောင့် ရှယန်က သူ့ကိုမုန်းတယ်လို့ ပြောတာကိုကြားခဲ့ရချိန်မှာ နင်ခန်း စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့တာ ဖြစ်တယ်။

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now