First Story - Chapter 8 [ END ]

7.8K 1.2K 45
                                    


{Zawgyi}

•လက်ထပ်ထိန်းမြှားခြင်းကတိကဝတ်၊ သူတို့နှလုံးသားထဲမှာ ထာဝရစွဲထင်နေတယ်•


"မငိုပါနဲ့" ဟဲ့လင် စိတ်သောကရောက်သွားတယ်။ သူကုန်းဂျင်က နမ်းရှိုက်ပြီး နာမည်လေးခေါ်ကာ ပြောလိုက်တယ် "ကိုယ်တခြားလူကို မကြိုက်ပါဘူး၊ ကိုယ်ဘယ်လိုလုပ်ပြီး တခြားလူကိုကြိုက်နိုင်ရမှာလဲ... ကိုယ့်မှာ ချစ်စရာဆိုလို့မင်းပဲရှိတာ၊ ဒီဘ၀မှာ မဟုတ်ဘူး ဘ၀ဆက်တိုင်းမှာ ကိုယ်မင်းတစ်ယောက်တည်းကိုပဲ ချစ်မှာပါ"

ဟဲ့လင် သူ့ကိုယ်သူ ဆက်တိုက်အပြစ်တင်မိတယ်။ "ကိုယ့်အမှားပါ၊ ကိုယ်က တစ်ကိုယ်ကောင်းဆန်တဲ့ကောင်ပါ... ကိုယ်မင်းကို ဒီလိုမျိုး ကွာရှင်းမယ်ဆိုပြီး ဘယ်လိုတောင် ပြောရက်ခဲ့ရတာလဲ? လုံးဝမဖြစ်နိုင်ဘူး၊ မင်းကိုယ့်ခြေထောက်ကိုချိုး၊ ကိုယ့်ကို ကန်ထုတ်မယ်ဆိုရင်တောင် တွားသွားပြီးလိုက်နေမှာ..."

ဟဲ့လင် ပြောလို့မပြီးသေးခင် ကုန်းဂျင် သူ့ကိုပြင်းပြင်းပြပြနမ်းလိုက်တယ်။

ဒါက သူတို့အပြင်မှာရှိတုန်း ကုန်းဂျင်က အရင်စပြီး သူ့ကိုနမ်းတာ ပထမဆုံးအကြိမ်ဖြစ်တယ်။

ဟဲ့လင် သူ့ရဲ့မျက်ရည်အရသာတွေရနေပြီး ကြောက်ရွံ့မှုကြောင့် တုန်ရီနေတဲ့နှုတ်ခမ်းတွေကို ခံစားမိတယ်။ ပြင်းထန်းလွန်းလို့ ကုန်းဂျင်ရဲ့ စိတ်အားငယ်ပြီး ကြေမွနေတဲ့နှလုံးသားကိုတောင် နားလည်လာတယ်။

ဒီလိုမျိုး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဖြစ်နေတဲ့ ကုန်းဂျင်ကို သူတစ်ခါမှမမြင်ဖူးဘူး။

သူ့ရဲ့ကျန်ရှိတဲ့သက်တမ်းတစ်လျှောက်မှာ ဒီလိုဖြစ်နေတဲ့ကုန်းဂျင်ကို ဘယ်တော့မှပြန်မမြင်စေရဘူးလို့ အခိုင်အမာကတိပြုလိုက်တယ်။

ဟဲ့လင် ကုန်းဂျင်ကို ဖက်ကာ ညင်သာစွာပြန်နမ်းလိုက်တယ်။

"ကိုယ်မင်းကို ချစ်တယ်၊ ကိုယ်မင်းကို ချစ်တယ်၊ ကိုယ်မင်းကို ချစ်တယ်..."

ဒီလိုထပ်တလဲလဲပြောနေတဲ့ စကားလုံးတွေက စိတ်ငြိမ်ဆေးလိုမျိုး အံ့ဩစရာကောင်းလောက်အောင် ကုန်းဂျင်ကို တည်ငြိမ်သွားစေတယ်။

တိုပေမယ့် ချိုချိုလေး [ ဘာသာပြန် ] { Complete }Where stories live. Discover now