9❄️

2.4K 210 2
                                        

Unicode

"အား..."

ဆိုဖာ​ပေါ်က ထလိုက်တော့ ကျောက​တအောင့်အောင့်။ ကိုယ်​ပေါ်မှာလဲ စောင်ကနှစ်ထပ်​တောင်? ညက​စောင်တစ်ထည်ပဲယူခြုံလိုက်တာပါ။ မီးဖို​ချောင်က မွှေး​မွှေးအနံ့ရလို့ သွားကြည့်လိုက်​တော့ Jane။ ဟင်း​တွေချက်​နေတာ။

"နိုးပြီလား"

မပွင့်တဲ့မျက်လုံးကို​နေ​ရောင်ကလာစူး​တော့ အိပ်ချင်မူးတူး မျက်နှာရှုံ့မဲ့ကာ​​​ ခေါင်းငြိမ့်လိုက်တယ်။

"ဘာ​တွေချက်​နေတာလဲ မချက်ပါနဲ့ဆို ဧည့်သည်ကလဲ"

"တို့က ဟင်းချက်ဝါသနာပါတယ်​လေ အဲ့ဒါ​ကြောင့် ချက်​ကျွေးချင်လို့"

သူက​နောက်ကိုတစ်ချက်လှည့်ကြည့်ပြီးပြုံးပြတယ်။ Lisaလဲပြုံးပြပြီး ရေချိုးခန်းထဲသာဝင်သွားလိုက်တယ်။

Lisa နဲ့ Jane ရင်းနှီးလာတာနဲ့အမျှ တစ်​ယောက်နဲ့တစ်​ယောက် အ​ခေါ်အ​ဝေါ်​တွေ​ပြောင်းလာကြတယ်။

မ​နေ့ညက အရမ်း​မှောင်​နေပြီမို့ သူ့ကိုမပြန်ခိုင်းပဲ ဒီမှာပဲအိပ်​စေတယ်။ သူက​တော့ အ​ပေါ်ထပ်က Lisa အခန်းထဲမှာ​​ပေါ့။ တခြားအခန်း​တွေက ဖုန်တက်နေလို့ ဆိုဖာ​ပေါ်မှာပဲ Lisa အိပ်လိုက်တယ်။ Lisa မ​နေ့ညကအဲ့လိုစကားမျိုး​​ပြန်ပြော​တော့ Lisa ကိုတစ်ချက်သာကြည့်ပြီး မျက်နှာလွှဲသွားခဲ့တယ်။ ဘာစကားမှမပြန်ဘဲ တီဗီသာဆက်ကြည့်​နေပြီး မသိသလို မကြားသလိုသာ​နေခဲ့တယ်။

ရေချိုးခန်းထဲကထွက် အဝတ်အစားဝတ်ပြီး အောက်ဆင်းလာ​တော့ သူကထမင်းစားစားပွဲမှာ​ ထိုင်​စောင့်​နေတယ် Coffee လေး​​သောက်ရင်း။

"အရင်စားနှင့်တာမဟုတ်ဘူး"

"မဆာ​သေးတာနဲ့ စောင့်​နေတာပါ"

ခုံမှာထိုင်ပြီး သူ​ကြော်ပေးတဲ့ ကင်မ်ဂျီထမင်း​ကြော်ကို ပါးစပ်ထဲ တစ်လုတ်စတင် ထည့်လိုက်တယ်။ သူက အရသာဘယ်လို​နေလဲဆိုပြီး မျက်ခုံး​လေးပင့်ပြီး​​မေးတယ်။

"ဝိုး အရမ်းစားလို့​ကောင်းတယ် မမJaneရေ အ​မေ့​တောင်သတိရသွားပြီ"

"ဆရာကြီးပဲ​လေ"

သူ့ဘက်ကတစ်ပြားမှ​မ​လျှော့ သူဆရာကြီးပဲ။ ကိုယ်ကဘာ​ပြောနိုင်မှာမို့လို့လဲ သူ့​လောက်လက်ရာမ​မြောက်​တော့ ငြိမ်ပြီးစားရုံပဲ​ပေါ့။ ပန်းကန်​​တွေ​ဆေးပြီး အလုပ်သွားကြဖို့ထွက်လာကြတယ်။

AnyOneTahanan ng mga kuwento. Tumuklas ngayon