Unicode
ဆေးရုံရဲ့ လူနာခန်းရှေ့မှာ ထိုင်ငိုနေတဲ့ကောင်မလေးတစ်ယောက်။ သွေးတွေပေနေတဲ့ လက်ချောင်းသွယ်သွယ်လေးတွေတုန်နေသလို အင်္ကျီမှာလဲသွေးအချို့။
"Somi ရ....."
"ဘယ်လိုဖြစ်ရတာလဲ"
Somi လာတော့ သူ့ကိုလာပြေးဖက်တဲ့ကောင်မလေး။ Somi မေးတော့လဲ ငိုသာငိုနေတယ်။ လူနာခန်းထဲရောက်တော့လဲ ဘေးနားမှာထိုင်ပြီး လူနာရဲ့လက် ပါးအပ်ပြီးငိုနေပြန်။ Somiလဲ ကုတင်ပေါ်က ပတ်တီးအဖွေးသားနဲ့ သူ့ကိုစိတ်မကောင်းမိ။
"ဆရာဝန်က ဘာပြောလဲ"
Somiမေးတော့ ခေါင်းပဲခါတယ်။ စိတ်မရှည်ဖြစ်မိတယ်။ တံခါးပေါက်ကို အကြည့်အရောက် ဆရာဝန်ကြီး ဖြတ်သွားတာနဲ့တိုးပြီး အပြေးလေးသွားမေးမိတယ်။
"လူနာတော်တော်ကံကောင်းတယ် ဦးဆက်ပွင့်ဖို့ ကပ်သီးလေးပဲလိုတော့တာ။ ခေါင်းပဲကွဲတာကြောင့် ပြန်ချုပ်ပေးပြီးပြီး။ ၁ရက်၂ရက်နေရင် သတိရလာမှာပါ"
"သတိမေ့တာရော အတိတ်တွေမေ့တာရော ဘာမှမဖြစ်ဘူးမလားရှင့်"
"မရှိလောက်ပါဘူးဗျ ဒဏ်ရာတွေကသိပ်မနက်တော့"
"ဟုတ်ကဲ့ဆရာ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်"
ဆရာဝန်ကြီးကို နှုတ်ဆက်ပြီး လူနာခန်းထဲပြန်ဝင်လာကာ လက်ပိုက်ပြီး သူ့ကိုမေးလိုက်တယ်။
"ဘယ်လိုဖြစ်ရတာလဲ ပြောစမ်းပါ Jane ရယ်"
အဲ့ဒီကျမှ သူသေချာရှင်းပြလို့ Somiသဘောပေါက်ရတော့တယ်။ အဖြစ်က ဒီလို။ Jane က သူနဲ့ရန်မဖြစ်ချင်လို့ ဝေးဝေးသွားဖို့ ကားလမ်းကူးရန်ပြင်နေတာ။ သူ့စကားတွေကြောင့် နောက်ကလာတဲ့ ဆိုင်ကယ်ကိုမမြင်ဘဲ စကားလှည့်ပြောကာ ကားလမ်းအကူး Lisa ကမြင်ပြီး သူ့ကိုလှမ်းဆွဲလိုက်တာ။ Lisa ကိုယ်ပေါ် သူကကျတော့ ဘာမှမဖြစ်။ Lisaက လမ်းဘေးက ပလတ်ဖောင်းနဲ့ခေါင်းနောက်စေ့နဲ့ရိုက်မိပြီး သွေးတွေထွက်လာကာ သတိမရတော့ဘူး။ ဆိုင်ကယ်သမားကလည်း အဲ့ဒီအပ်ချည်ဆိုင်ရှေ့က စာတိုက်ပုံးကြီးကိုတိုက်မိပြီး လက်တစ်ဖက်ကျိုးသွားတယ်။ အဲ့ဒီဆိုင်ကယ်သမားက အရက်သောက်လာပြီး အရှိန်ကလဲပြင်း မူးကလဲမူးနဲ့ ကားကိုရှောင်လိုက်တာ မထိန်းနိုင်ဖြစ်သွားတယ်တဲ့။