Unicode
မနက်ပိုင်းကို ခေါင်းထိုးကိုက်ခြင်းများစွာနဲ့နိုးလာတယ်။ သူများတွေတော့မသိဘူး ကိုယ်ဆီကထွက်တဲ့အရက်နံ့တထောင်းထောင်းကိုတောင် ကိုယ်မခံနိုင်။ ညကဘားမှာ သူ့ကိုမေ့လို့ရငှား အရက်တွေသောက်ပြီးအသေမူးနေတာ။ အခန်းထဲကို ဘယ်သူလိုက်ပို့လို့လိုက်ပို့မှန်းမသိ။ ပူလောင်ခြင်းတွေကို နည်းနည်းလောက်လျော့လိုလျော့ငှား ရေအေးတွေနဲ့ခေါင်းလောင်းချိုးပစ်လိုက်တယ်။ ရေချိုးခန်းထဲမှာလဲ ငိုမိပြန် အရှုံးသမားကြီးတစ်ယောက်လို။ လှပပြီးစိတ်ချမ်းသာစရာကောင်းတဲ့ မနက်ခင်းမှာ စိတ်မချမ်းသာနိုင်တာ Lalisa သာ။ ဒါနဲ့ သူရော စိတ်ချမ်းသာနေရဲ့လား။
☎️☎️☎️တီ~တီ~တီ~ (ဟိုတယ်ကဖုန်းမြည်သံ)
"ဟယ်လို"
ဖုန်းကောက်ကိုင်လိုက်တော့
"ဟုတ်ကဲ့ရှင့် ဧည့်သည်နဲ့အတူပါလာတဲ့ ဘေးချင်းကပ်လျက်အခန်းက ဧည့်သည်က မနက်၁၀နာရီထိုးတာနဲ့ ပြန်မယ်လို့ပြောခိုင်းလို့ပါရှင့်"
"ဟုတ်ကဲ့"
ဖုန်းချလိုက်ပြီး ဟက်ခနဲရီမိတယ်။ စကားတောင်လူတဆင့်နဲ့ပြောခိုင်းတယ်တဲ့။ ဒီနေ့မနက်စာကိုတော့တစ်ယောက်တည်းသာစားရတယ်။ သေစမ်း မနေ့ကျက အနွေးထည်ယူခဲ့ပြီး ဘာမှမပြောဘဲထိုင်နေခဲ့ရမှာ။ ဒီလိုနဲ့ အထုပ်တွေသယ် ကားပေါ်တင်ပြီး ၁၀နာရီထိုးတာနဲ့ ဟိုတယ်ရှေ့မှာခဏစောင့်နေလိုက်တော့ သူကထွက်လာတယ်။
သူ့ဆံပင်အရှည်တွေကို ကာဗာလုပ်ကာ ခေါင်းငုံပြီး ကားပေါ်တက်လာတယ်။ မျက်နှာကိုလဲ ဒီဘက်မလှည့်သလို ကားပြတင်းပေါက်ကိုသာကြည့်နေတာ လမ်းမပေါ်ရောက်သည်အထိ။
"ဗိုက်ဆာပြီလား"
သူကခေါင်းခါ။ လည်ပင်းတွေမနာဘူးလားမသိဘူး အပြင်ကိုပဲကြည့်နေတာ။ ခဏနေတော့ နေ့လည်စာစားဖို့ စားသောက်ဆိုင်တစ်ဆိုင်မှာရပ်စားခဲ့တယ်။ အစားအသောက်တွေက နွေးနေပေမယ့် စကားတွေကအေးစက်လျက်ပင်။ လမ်းတစ်လျှောက်သူကအိပ်လျက်လိုက်ပါလာတယ်။ သူအိပ်နေရင် ဘယ်လောက်လှကြောင်းLalisaသာအသိဆုံး။