Unicode
Jane ဒီနေ့ Chae ဆီကိုနောက်ကျမှသွားဖြစ်တယ်။ မနေ့ညက အမ Jiyoung နဲ့ သောက်ထားလို့။ ဆေးရုံထဲအဝင် မိန်းမတစ်ယောက်ကို ဖြတ်ကနဲ မြင်လိုက်တယ်။ လိုက်ရှာလိုက်တော့မတွေ့။ မျက်စိမှားတာပါဆိုပြီး Chae အခန်းထဲကိုဝင်သွားတယ်။
"Chae ရေ ဒီနေ့ ငါနောက်ကျမှရောက်တဲ့အတွက် ဆောရီး"
Jane ဘယ်လောက်ပဲ Chae ကိုစကားတွေပြောပြော Chae ကတော့ ပြန်မပြောလာ။ သူလဲတစ်နေ့တစ်နေ့ပိန်သွားတယ်။ Jane လဲ သူ့ကိုကြည့်တိုင်းစိတ်မကောင်းဖြစ်မိတယ်။
အစာပြေစားဖို့ ကန်တင်းနားကိုသွားရင်း ပန်းခြံနားခြေလှမ်းမိတော့ မနက်ကတွေ့တဲ့မိန်းမတစ်ယောက်ခုံတန်းမှာ ထိုင်နေတာတွေ့လိုက်တယ်။ အဲ့ဒါနဲ့ သူ့နားသွားပြီး
"မတွေ့ရတာကြာပြီနော် Kim Jisoo ရှင့်"
ကော်ဖီဆိုင်မှာ ကောင်မလေးနှစ်ယောက် ကော်ဖီမှာသောက်နေကြတယ်။ စကားသံတွေက တိတ်ဆိတ်လို့။ ခဏနေ ရုတ်တရက် Kim Jisoo ဆိုတဲ့တစ်ယောက်က ခုံကထလာပြီး Jane ရှေ့ဒူးထောက်ထိုင်ချကာ
"ငါတောင်းပန်ပါတယ် ငါ့ကြောင့် နင်တို့အိမ်ထောင်ရေးအဆင်မပြေရတာ"
Jane ရှေ့တည့်တည့်မှာ ဒူးထောက်တောင်းပန်နေတဲ့ သူ့ကို Jane မျက်စိပြူးကာ ကြောင်ကြည့်နေမိတယ်။ ပြီးတော့မှ
"မဟုတ်တာ Jisoo ရယ်ထစမ်းပါ"
အဲ့တော့မှ သူထလာတယ်။ Jane ပြုံးကာ
"အရင်တုန်းက စိတ်နဲ့ဆိုရင် ဒီနေရာမှာတင် နင်နဲ့ တစ်ပွဲတစ်လမ်းတော့နွှဲမိမှာသေချာတယ်"
"အခုရော?"
"အခုတော့ နင်တို့နှစ်ယောက်ကို ငါပိုနားလည်သွားပြီမို့လို့"
Jane သူ့ကိုပြုံးပြီးပြောလိုက်တယ်။ Jisoo ကတော့ကြောင်တောင်တောင်လေး။ ထို့နောက်စကားတွေအများကြီးပြောကြပါလေရဲ့။
Kim Jisoo ဆိုသူဟာ Chae နဲ့ကျောင်းတုန်းကတည်းက သူငယ်ချင်း။ Jane နဲ့က သိပ်မခင်ပေမယ့် Chae နဲ့တော်တော်ခင်တယ်လို့ပဲကြားခဲ့တဲ့သူ။ Chae မှာနောက်တစ်ယောက်ရှိတယ်လို့ပဲသိထားခဲ့တာ။ Jisoo မှန်းမသိခဲ့။ Chae ကအမြဲတမ်းအပြင်တွေသွားတယ်။ ဖုန်းတွေပြောတယ်။ ဘယ်သူလဲ ဘယ်သွားမလို့လဲမေးရင်Chaeက Janeကို ရန်လုပ်တတ်ပြီး စကားများတာပဲအဖတ်တင်လို့ ဘာမှမပြောတော့ဘူး။
