Unicode
၃နှစ်ကြာသောအခါ~~~~❄️❄️❄️
Lisa ရှိရာနိုင်ငံကို Jane ခြေချနိုင်ခဲ့ပြီ။ Jane ဘဝထဲကို Lisa ဟာ ဒီလိုဆောင်းရာသီမှာပဲဝင်လာခဲ့တယ်။ အခုလည်း နှင်းပွင့်လေးတွေဟာ မြေပြင်ပေါ်သက်ဆင်းစဲ။ Company ရဲ. CEO Jane ရဲ့လက်ထက်မှာ လုပ်ငန်းတွေပိုတိုးတက်ကောင်းမွန်လာတာကြောင့် Jane အမေမှာ Jane ကိုမတားရဲတော့။ အမေ သူ့ကိုတားနိုင်သလောက်တားပြီးခဲ့ပြီပဲ ခွင့်ပြုသင့်တယ်ဆိုတာလဲ အမေသိပြီးသားပါ။
"Lisa ရေ...တို့ပြန်လာပြီ"
လေဆိပ်အဝမှာရပ်ပြီး Jane တီးတိုးပြောလိုက်တယ်။ ပထမဆုံး Jane Lisaအလုပ်လုပ်တဲ့ ဟိုတယ်ကိုသွားကြည့်လိုက်တယ်။
"တောင်းပန်ပါတယ်ရှင့် သူအလုပ်ထွက်သွားတာကြာလှပြီရှင့်"
ဟိုတယ်မှာမရှိတော့ သူ့အိမ်ဆီသွားလိုက်တယ်။ သူ့အိမ်သွားတော့လဲ တံခါးရော ခြံတံခါးပါပိတ်ထားလို့ သူဘယ်အချိန်ပြန်လာမလဲထိုင်စောင့်နေလိုက်တာ နေ့လည်ကနေ ညနေစောင်းကုန်ပြီ။ ခြံရှေ့ကဖြတ်သွားတဲ့ အဒေါ်ကြီးတစ်ယောက်ကို မေးလိုက်တော့
"ဒီမှာ သူမနေတော့တာကြာပြီ ရောင်းခဲ့တာမဟုတ်ပေမယ့် အမြဲပိတ်ထားတာ တူမလေးရဲ့"
"ဪ...ကျေးဇူးပါ အဒေါ် "
ဒီကောင်မလေး ဘယ်တွေသွားနေတာလဲ။ ပထမဆုံးနေ့မှာတော့ Janeတစ်ယောက် Lisa ကိုရှာမတွေ့ခဲ့ပါ။ Lisa ကိုမတွေ့သေးသ၍ နေဖို့ အိမ်တစ်အိမ်တောင်ဝယ်လိုက်ရပြီ။ Jane ရဲ့အတွင်းရေးမှူးကိုလဲ ရှာခိုင်းထားတယ်။ အိမ်အကျယ်ကြီးမှာ တစ်ယောက်ထဲနေရတော့ အထီးကျန်မိတယ်။
"Lisa ရယ် ဘယ်တွေရောက်နေတာလဲ"
ဝိုင်တစ်ခွက်မော့ပြီး ကုတင်ပေါ်လှဲချရင်း ရင်မောကာပြောခြင်းမျိုး။ ပထမနေ့ကတည်းကတွေ့မယ်လို့ Jane ထင်ခဲ့တာ အခုတော့မဟုတ်။ တွေ့မှာပါ မတွေ့ရင်လဲ Jane ရအောင်ရှာမှာ။ ဒီနေ့ရှာတာတော့ ဒီလောက်နဲ့သာ။
တစ်ပတ်ကနေ နှစ်ပတ်၊ တဖြည်းဖြည်းကြာလာတော့ Jane မျှော်လင့်ချက်မဲ့သလို ဖြစ်လာတယ်။ လိုက်ရှာတာ ရှာမတွေ့ရလားဆိုပြီး စိတ်ပျက်ပျက်နဲ့ငိုနေမိတာတွေလဲရှိတယ်။ တစ်နေ့ကျတော့ Jane မနက်စာမစားရသေးတာနဲ့ ကော်ဖီဆိုင်မှာထိုင်ကာ ကော်ဖီသောက်နေတယ်။ စားပွဲပေါ် လက်တော့ပ်တင်ပြီး Company ကအလုပ်အချို့ကိုလုပ်တယ်။ အကုန်ပြီးတာနဲ့ ခုံကထကာ တံခါးဖွင့်ပြီး ထွက်လာခဲ့တယ်။