Unicode
ဝေဝါးနေတဲ့ မျက်လုံးတွေကို လက်နဲ့ပွတ်ပြီး အိပ်ရာပေါ်ကထလာတယ်။ ကုတင်ဘေးကိုကြည့်လိုက်တော့ မတ်တပ်ရပ်နေတဲ့ မိန်းမကြီးတစ်ယောက်။ သေချာကြည့်လိုက်တော့မှ
"အမေ့??? သမီးဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ"
သူ့အမေကို မေးလိုက်ခြင်းဖြစ်သည်။ သူ့အမေဆိုသူ မိန်းမကြီးက စိတ်ရှုပ်နေတဲ့မျက်နှာထားနဲ့
"နင်ဘယ်လိုထင်လဲ??"
ဘေးဘီကိုကြည့်လိုက်တော့ ကိုယ်ရင်းနှီးပြီးသား အခန်း။ စိတ်ပျက်စရာကောင်းလိုက်တာ။
"ဘာလို့ ပြန်ခေါ်လာတာလဲ!!!!!!!"
စိတ်တိုတိုနဲ့ ကုတင်ပေါ်ကနေ အော်ဟစ်မေးလိုက်တော့
"JENNIE KIM!!!!!! နင့်ပါးစပ်ပိတ်ထားစမ်း!!"
သူ့အသံကိုလွှမ်းပြီး ပြန်ပြောလိုက်တဲ့ သူ့အမေကြောင့် ငြိမ်ကျသွားရတယ်။
"ခဏနေရင် ထမင်းလာပို့လိမ့်မယ် ဘယ်မှထွက်ပြေးဖို့မကြံနဲ့"
တံခါးကို သော့ခတ်ပြီး ထွက်သွားတယ်။ အခန်းထဲမှာ Jane တစ်ယောက်တည်း။ ဒူးကိုထောင်ပြီး ဒူးပေါ်မျက်နှာမှောက်ကာ ငိုမိတယ်။ ဒီလိုဖြစ်ရမှာမဟုတ်ဘူးလေ။ ထွက်ပြေးဖို့ကြံပေမယ့်လဲ ထွက်ပေါက်မတွေ့။
ဒီနေ့မနက်ကတင် အရာအားလုံးသာယာနေခဲ့တာ။ Jane ဟာ Lisa နိုးရင်မနက်စာစားဖို့ လမ်းထိပ်ကကော်ဖီဆိုင်မှာ မုန့်သွားဝယ်မိတာကနေ စခဲ့တဲ့ဖြစ်ခြင်း။
ဆိုင်ကအထွက် လူကြီးနှစ်ယောက်က နောက်ကနေတကောက်ကောက်လိုက်လာတယ်။ မမလေးလို့ခေါ်လိုက်တာနဲ့ အမေလွှတ်လိုက်မှန်းသိတယ် သူတို့ရှာတွေ့သွားပြီပဲဆိုပြီး။ စောင့်နေတဲ့သူရှိလို့ နောက်မှလိုက်ခဲ့ပြီး ကိစ္စတွေရှင်းမယ်ဆိုလဲမဟုတ်။ အမိန့်နာခံလွန်းတဲ့လူတွေကြောင့် အတင်းရုန်းပေမယ့်လည်း မေ့ဆေးဒဏ်ကြောင့် မသွားခင်လေး အသိပေးရမယ့်သူကိုတောင် လက်လွတ်ခဲ့ရ။
🌇🌇🌇
"Jennie ထတော့ သွားစရာရှိတယ် ပြင်ဆင်ပြီးဆင်းလာခဲ့"
