8❄️

2.4K 228 0
                                    

Unicode

"မထချင်ဘူး ဝါး...."

Lisa မနက်ခင်း အိပ်ရာ​ပေါ်မှာ အပျင်း​ကြောဆန့်ရင်း ထရခက်​နေသည်။ မျက်စိတွေလဲ ကျိန်းစပ်​နေသလို မျက်ခွံ​တွေဖာင်းအစ်​နေတဲ့ခံစားချက်ကိုလဲ သိလိုက်ရသည်။ ခေါင်း​တွေပါကိုက်လာတာ​ကြောင့် မနက်ခင်း စိတ်​​သောက​ရောက်​နေ​လေသည်။

မ​နေ့ကည Jane ဆီမှာ ချစ်ရတဲ့သူရှိတယ်ဆိုတဲ့စကားကြားလိုက်ရပြီး​နောက် Lisa ဘာမှမဖြစ်ပါလားလို့​တောင် မထင်လိုက်နဲ့။ အိမ်ပြန်​ရောက်​တော့ တီဗီကဟာသကားကြည့်​ရင်း မုန့်​တွေပါးစပ်ထဲအပြည့်ထည့်ပြီး အော်ဟစ်ငိုခဲ့​သေးတယ်။ ညဘက်​အိပ်​မ​ပြောလို့ မနက်၄နာရီမှအိပ်​ပျော်သွားတယ်။ အိပ်​ပျော်သွားတာကလဲ ငိုတာအရမ်းများပြီး ပင်ပန်းသွားတာ​ကြောင့်။

"ငါကလျှာရှည်တာပါ ပိုင်ရှင်ရှိတဲ့သူကိုမှသွားကြိုက်မိတာ"

သွားပွတ်တံ​ပေါ် သွားတိုက်​ဆေးထည့်ရင်း တစ်​ယောက်ထဲ နောင်တရသလိုလို အားမလိုအားမရဖြစ်ကာ​ပြော​နေမိခြင်းဖြစ်သည်။ ဒါ​ပေမယ့်လဲ သူ့ကို​ခေါင်းထဲကမှထုတ်လို့မှမရတာ။ သူဘယ်သူမှန်းမသိပေမယ့်လဲ သူ့ကို​ပျော်ရွှင်​စေချင်တယ်။ စိတ်ချမ်းသာ​​စေချင်တယ်။ ကိုယ်က သူ့​ဘေးနားက​နေဒိုင်းပမာ ကာကွယ်​ပေးချင်တယ်။ သူ့ရဲ့ရင်ဖွင့်စကား​တွေကိုနား​​ထောင်​ပေးချင်တယ်။ သူဝမ်းနည်းရင် ဘေးနားကနှစ်သိမ့်​ပေးချင်တယ်။

ဟူး...သက်ပြင်း​တွေချရတာနဲ့ ရင်​ဘတ်တွေ​ပေါက်ထွက်​တော့မယ်။ တော်ပြီ​ တော်ပြီ။ ဒီအ​ကြောင်း​တွေထပ်​တွေး​နေမိရင် အလုပ်မသွားနိုင်ဘဲ ဘေစင်​ဘေးနားမှာပဲထိုင်ငို​နေမိလိမ့်မယ်။ စိတ်တင်းထား Lalisa...။

❄❄❄

ဆောင်းရာသီရဲ့အ​အေးဓါတ်က သွေး​ကြော​တွေထဲထိပါအေးကျဥ်လို့ ထူထူထဲထဲကုတ်အင်္ကျီအရှည်ကြီး​တွေပဲဝတ်ဖြစ်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း အဲ့လိုစတိုင်မျိုးကြိုက်တာလဲပါ​တာ​ကြောင့်ပါ။ အိမ်ကထွက် ဘတ်စ်ကား​​ပေါ်က ပြတင်း​ပေါက်​ဘေးထိုင်ခုံမှာထိုင်ရင်း အပြင်ကရှုကွင်းကိုကြည့်​နေမိသည်။

AnyOneWhere stories live. Discover now