4❄️

2.6K 228 3
                                        

Unicode

ဆိုဖာ​ခေါင်းရင်းပြတင်း​ပေါက်က​နေဖြာဝင်လာတဲ့​နေ​ရောင်​ကြောင့် မျက်လုံးကိုစူးကနဲ။ ဇက်​နားကတဆစ်ဆစ်နာကျင်မှု​ကြောင့် ညကတစ်ခြမ်း​စောင်းအိပ်မိပြီထင်တယ်ဆိုတဲ့အသိဝင်လာတယ်။ ဆတ်ကနဲ့ထရင်ပိုနာမှာ​ကြောင့်မျက်လုံးကိုအသာဖွင့်လိုက်​တယ်။ မျက်စိ​ရှေ့​တည့်တည့်မှာလာရပ်ပြီး ပြတင်း​ပေါက်​ပေါ်​မေး​ထောက်ကာ ကော်ဖီ​​သောက်​နေရင်း နှင်း​တွေကြည့်​နေတဲ့အမျိုးသမီး။ ကိုယ်​ပေါ်မှာလဲ မ​နေ့ကယူလာ​ပေးတဲ့အ​နွေးထည်ကို ချမ်းလို့ထင်ပါရဲ့ ဝတ်ထားတယ်။

မပူ​လောင်သေးတဲ့ ရွှေဝါ​​ရောင် နေ​ခြည်ဖြာလေးက မျက်နှာပေါ် သက်ဆင်းလာမှု​​ကြောင့် သူ့မျက်ဝန်းက​လေးက အညို​ရောင်ခပ်​တောက်​တောက်က​လေး။ အဲ့ဒီအညို​ရောင်ခပ်​တောက်​တောက်မျက်လုံး​တွေကို ဖြည်းညှင်းစွာမှေးစဥ်းလိုက်ပြီး နေ​ရောင်ခြည်ထဲပါလာတဲ့ အေး​နွေး​နွေး​လေလေးကို ခံယူ​နေတယ်။ နှာတံစင်းစင်း​လေး​ နှုတ်ခမ်းထူထူ​လေး​တွေ မျက်​တောင်စဥ်းစဥ်း​လေး​တွေ ဖြူဥ​နေတဲ့အသားရည်တွေနဲ့ ဘာ​ကြောင့် ဒီ​လောက်​တောင်လှရက်​နေရတာလဲ။

"အား..အား!!! နာလိုက်တာ အအား!!!!!"

ငေး​နေတာဘယ်​လောက်​တောင်ကြာသွားပြီမသိ ကျော​တွေပါ နာလာတာ​ကြောင့် ဆိုဖာ​ပေါ်က ကုန်းရုန်းထပြီး အရှက်မရှိ​အော်မိ​တော့တယ်။ သူကလဲ လန့်သွားတယ်ထင်တယ် တစ်ကိုယ်လုံးတုန်သွားပြီး မျက်လုံးပြူး​တွေနဲ့စိုက်ကြည့်​နေတယ် ဘာဖြစ်တာလဲဆိုတဲ့အကြည့်နဲ့။ သူ့ကိုမြင်​တော့မှရှက်မှန်းသိရ​တော့တယ်။

"အဟမ်း"

မသိသလို ဘာလိုလို ခပ်ခပ်တည်တည်နဲ့ ချောင်းတစ်ချက်ဟန့်ပြီး မျက်နှာသစ်ဖို့သန့်စင်ခန်းထဲဝင်သွားလိုက်တယ်။ အခန်းထဲ​​​​လော့ချပြီးမှ သေ​အောင်နာတဲ့ခါးကိုလက်နဲ့ပွတ်လိုက်တယ်။ အ​ကြော​တွေ​ပြေသွား​အောင် ခါးကိုဟိုဘက်ဒီဘက်လှည့် ခေါင်း​တွေကိုဘယ်​စောင်းညာ​စောင်းလုပ်ပြီး သက်သာသွားမှ မျက်နှာသစ်ခြင်းသို့။ အခန်းထဲက ထွက်လာပြီး ဆိုဖာ​ပေါ်ကထိုင်​နေတဲ့ သူ့​​ဘေးမှာထိုင်လိုက်တယ်။

AnyOneTempat cerita menjadi hidup. Temukan sekarang