5❄️

2.5K 229 2
                                    

Unicode

ဟိုတယ်မှာအားတဲ့အချိန်​တွေ သူ့အခန်းမှာ ရစ်သီရစ်သီသွားလုပ်မိတယ်။ တခါတ​လေ သူ့အခန်းသန့်ရှင်း​ရေးဝင်လုပ်တဲ့အခါတို့ဘာတို့ဆိုရင် တံခါးပွင့်​နေတာ​ကြောင့် သူ့​အခန်း​ရှေ့မသိသလိုဖြတ်သွားရင်း ချောင်း​ချောင်းကြည့်မိတယ်။ ကြည့်မိလိုက်တိုင်းလဲ သူကဧည့်ခန်းမှာပဲ ငူငူငိုင်ငိုင်ကြီးထိုင်​နေတတ်သလို မှန်အကြည်ကို​ကျော်ကာ အ​ဝေးကတိုက်​တွေကိုလှမ်း​မျှော်​နေတတ်တယ်။ မန်​နေဂျာကလဲ သူ့ကို​​တောင်း​တောင်းပန်ပန်ပြောထားတယ်ထင်ပါရဲ့ အရက်​တွေ​သောက်တာသိပ်​တော့မ​တွေ့မိဘူး။ အရက်အစား စားပွဲခုံ​တွေမှာ စီးကရက်​​တွေက​နေရာယူလာတယ်။

🌃🌃🌃

ညတာဝန်ထပ်ကျပြန်​တော့ လုပ်​နေကျအတိုင်း အစား​အ​သောက်တွန်းလှည်းကိုလုယူပြီး သူ့အခန်းဆီပို့ဖြစ်တယ်။ ပို့တာ​များ​တော့ ဟိုဝန်ထမ်းလဲဘာမှ​မ​ပြော​တော့ဘဲ လှည်းကိုလက်ထဲထိုးထည်​ပေးတယ်။ အရင်တုန်းကလိုပဲ တံခါး​ခေါက်​တော့ သူကဝင်လာခိုင်းတယ်။

အသံရှိရာလှည့်ပတ်ရှာလိုက်​တော့ သူကအိပ်ခန်းထဲမှာ။ မှန်အကြည်​ပေါ်က​နေအ​ဝေးကအ​ဆောက်အအုံတွေကို ကုတင်​ပေါ်မှာထိုင် ဆေးလိပ်ဖွာရင်းငေး​နေတယ်။ ဆေးလိပ်​သောက်တာမ​ကောင်းဘူးဆို​ပေမယ့် သူ​သောက်​နေတာကြည့်လိုက်​တော့ ဘာလို့ဒီ​လောက်​တောင်စတိုင်ကျ​​နေရတာလဲ​တောင် အောက်​မေ့​သေးရဲ့။ ကုန်ခါနီးဖြစ်တဲ့​​ဆေးလိပ်ကို ဘေးခုံ​ပေါ်က ပြာခွက်ထဲဖိ​ချေလိုက်မှ ဘီယာပုလင်း​တွေနဲ့ အရက်ပုလင်း​တွေကို​တွေ့လိုက်တယ်။ဘယ်သူ့ကလာပို့​​​ပေးထားလဲမသိဘူး။

"ဘာလို့ အရက်​တွေ​​သောက်​နေရတာလဲ"

ဒေါသထွက်လို့မျက်ခုံး​တွေကိုတွန်ချိုးပြီး မေးလိုက်​တော့ သူက ဟက်ခနဲမြည်​​အောင်ရယ်တယ်။ ပြီး​တော့ ကုတင်​ပေါ်က သူ့​​​ဘေးနားကိုလက်နဲ့ပုတ်ပြတယ်။ လာထိုင်တဲ့။ ဘာမှမ​ပြော​တော့ဘဲ သွားထိုင်လိုက်​တော့ လူကို​ငေးကြည့်​လာတယ်။ ဘေးချင်းကပ်လျက်က​နေ သူကမျက်နှာချင်းဆိုင်ထိုင်လိုက်တယ်။မ​နေတတ်တာနဲ့ ဟိုကြည့်ဒီကြည့်လုပ်​နေလိုက်​တော့ ရုတ်တရက်ဝုန်းကနဲ သူအ​​ရှေ့တိုးလာပြီး လူကိုလှမ်းဖက်တယ်။ အရက်နံ့​တွေကလဲ တ​ထောင်း​ထောင်း။ ခဏအကြာ ပခုံး​ပေါ်စိုထိုင်းထိုင်းခံစားမှု​ကြောင့် ကြောင်​နေရာမှသတိပြန်ဝင်လာပြီး သူငို​နေမှန်းသိလိုက်တော့တယ်။ တစ်ချက်တစ်ချက်​တစ်ကိုယ်လုံးတုန်သွားသလို ရှိုက်သံ​တွေလဲထွက်လာတယ်။ ငိုသံ​တွေကြားက​နေ ပြောလာတဲ့စကားသံ

AnyOneTempat cerita menjadi hidup. Temukan sekarang