Unicode
"Lalisa Manobanရှင့် ထတော့ အေးမြတဲ့မနက်ခင်းလေးမှာ လှပတဲ့ကမ်းခြေအလှကိုခံစားရအောင် ထပါတော့ရှင်"
ဘယ်လိုလုပ်အခန်းထဲရောက်နေမှန်းမသိတဲ့ ချေပုက ဒီနေ့တော့ လန်းဆန်းတက်ကြွပြီးကဗျာတွေဆန်နေလေရဲ့။ နာရီကြည့်လိုက်တော့ ၇နာရီခွဲပဲရှိသေးတာနဲ့ ခေါင်းအုံးကိုခေါင်းပေါ်ဖိပြီး ပြန်အိပ်ဖို့ကြိုးစားနေတယ်။ ကျန်တာဘယ်လိုနှိပ်စက်စက် Lalisaတို့ခံနိုင်တယ် အအိပ်နဲ့ပတ်သတ်ရင်တော့မရဘူး။
"အမယ် ပြန်အိပ်မယ်ပေါ့ မရပါဘူးနော် အား..!!! အမေ့..!!!!"
သူက ကုတင်ပေါ်တက်လာပြီး စောင်တေလှန် ခေါင်းအုံးတွေနဲ့ Lisa ကိုထုရိုက်တယ်။ ခဏကြာတော့မခံနိုင်တာနဲ့ သူ့ကိုလက်ကောက်ဝတ်ကနေဆောင့်ဆွဲချလိုက်တော့ ခုတင်ပေါ်လှဲကျသွားတယ်။ အဲ့ဒါကိုမှစောင်နဲ့ ပိုးတုံးလုံးလိုပတ်ပြီး အပေါ်ကလက်နဲ့ ခြေထောက်နဲ့ခွ တင်းနေအောင်ဖက်ပြီး ပြန်အိပ်နေလိုက်တယ်။
"ရှူး တိုးတိုးနေ အသံပြဲကြီးနဲ့ အော်ဟစ်နေရင် ဖယ်မပေးဘူး အခုတော့ ခဏလေးဒီလိုနေ"
သူကအစတုန်းက အသံဆူးကြီးနဲ့ အော်ဟစ် ရုန်းကန်နေသေးတယ်။ နောက်တော့ သူ့ကိုယ်သေးသေးလေးနဲ့ လှုပ်လို့မရတာမို့ မောပြီးငြိမ်ကျသွားတယ်။ အဲ့ဒီနောက် ဘာမှမသိ Lisa ထပ်အိပ်ပျော်သွားသေးတယ်။ အိပ်မက်တွေတောင်ထပ်မက်သေးတယ်။
အခန်းစည်းလိုက်ကာကြားကနေ ဝင်ရောက်လာတဲ့နေဟာ တဖြည်းဖြည်းပူလာကြောင့်ရယ် အိပ်ရေးဝသွားတာကြောင့်ရယ် မျက်လုံးဖွင့်မလို့ရှိသေး ပိုးတုံးလုံးအကောင်လေးက လက်ကြားထဲကနေအတင်းရုန်းထွက်ပြီး ကုတင်ပေါ်မှာခုန်ဆွ ခုန်ဆွလုပ်နေလေရဲ့။
"ထတော့ သွားတိုက် မျက်နှာသစ်"
ကုတင်က အငြိမ်မနေတာကြောင့် မနည်းကုန်းရုန်းထလိုက်ပြီး မတ်တပ်ရပ်ကြည့်လိုက်တော့ သူကကုတင်ပေါ်ရပ်ကာ ငုံ့ကြည့်တယ်။
"အား!!! အကျင့်ယုတ်တယ်!!"
မတ်တပ်ရပ်နေတဲ့သူ့ကို တွန်းချလိုက်လို့ကုတင်ပေါ်လဲကျသွားတဲ့အချိန် ရေချိုးခန်းထဲအပြေးဝင်သွားတာနဲ့ နောက်ကအသံကထွက်လာတယ်။ တခါတလေ သူ့ကိုစရတာ အရမ်းပျော်ဖို့ကောင်းတယ်။ စစတွေ့တုန်းကနဲ့လုံးဝတခြားစီ အခုJaneဟာ ကလေးကြီးလားတောင်ထင်ရတယ်။ သူအသည်းအသန်ငိုခဲ့တဲ့နေ့တုန်းကနဲ့လုံးဝတခြားစီ။