18❄️

2.5K 205 0
                                    

Unicode

မနက်ခင်းထလိုက်​တော့ ပထမဆုံး​ခေါင်းထဲဝင်လာတာက သူ​စောင်​ကောင်း​ကောင်းခြုံပြီး နွေး​နွေး​ထွေး​ထွေးမှအိပ်ရဲ့လား။ အရင်တုန်းကဆို သူ​စောင်လွတ်နေရင် ကိုယ်ကပဲအ​အေးမိမှာစိုးလို့ ခြုံ​ပေးရတာ။ ညတိုင်းအိပ်မက်​ဆိုး​တွေမက်တာက အထီးကျန်​နေတဲ့ငါ့ဘေးမှာသူမရှိတာ​​ကြောင့်။ မက်တိုင်းလဲ ရင်ခွင်ထဲ ထည့်သိပ်​ပေးမယ့်သူကအနားမှာမဟုတ်။

ဆေးရုံသွားဖို့ပြင်ဆင်နေရတယ်။ ရေချိုးခန်းကထွက်ပြီး ဗီရိုထဲက အင်္ကျီတွေ​ရွေး​နေတုန်း ကုတ်အင်္ကျီအရှည်ကို​မြင်​တော့ ကုတ်အင်္ကျီအရှည်ကြီး​တွေဝတ်ရင် အရမ်းစမတ်ကျပြီးကြည့်လို့​ကောင်းတဲ့​ကောင်မ​လေးကို သတိရလာမိပြန်။ ပြောရရင် သူ့ကိုမလွမ်းရတဲ့ အချိန်တစ်စက္ကန့်မျှမရှိ။

အ​ပေါ်ထပ်က​နေအောက်ဆင်းလာပြီး မနက်စာစား​တော့လဲ စားလို့မ​ကောင်း။ ပြောရမယ်ဆို ဘာမှစားမ​ကောင်း၊ စားမဝင်သလို အိပ်လဲမ​ပျော်ဘူး။ စားမြိန်တယ်ဆိုတာ သူနဲ့အတူတူစားတဲ့အချိန်မှသာ။ ကိုယ်ချက်သမျှဟင်း​တွေကို အားရပါးရစားတဲ့သူနဲ့သာ တူတူစားချင်တယ်။

အခုဆို Jane Chae ဆီကိုသွားပြီး လူနာအမြဲတမ်း​စောင့်​ပေးရတယ်။ Chae ကိုပြုစု​နေရတယ်။ အိမ်မှာ​နေရင် ပိတ်​​​လှောင်သလိုခံစားရ​တာ​ကြောင့် ဆေးရုံက​ဆေးနံ့ဘယ်​လောက်နံနံ ဆေးရုံဆီပဲထွက်လာဖြစ်တယ်။ နည်းနည်းလွတ်လပ်လို့။ ဘေးနားက အ​မေလွှတ်ထားတဲ့ ကိုယ်ရံ​တော်​တွေကအမြဲပါတာ​ပေါ့။

"Chae သတိမြန်မြန်သတိရ​တော့​​လေ ငါနင့်ကို Lisa နဲ့မိတ်ဆက်​ပေးရဦးမယ်​လေ"

ငိုချင်လာတာ​ကြောင့် Chaeဘေးနားကထပြီး ပြတင်း​ပေါက်​က​နေ အပြင်ကို​ငေးနေမိတယ်။ တစ်ခါက Jane ကိုဇတ်​တွေနာ​အောင်အထိ​ ငေးကြည့်ဖူးတဲ့​ကောင်မ​လေးကိုသတိရလာပြန်။ ကိုယ်​သေ​ကြောင်းကြံတာကို ကယ်ခဲ့ရလားဆိုပြီး စိတ်တိုခဲ့ရတဲ့ ကောင်မ​လေး။ အခုဆို သူဟာ Janeရဲ့ အသက်ကိုကယ်ခဲ့တဲ့သူ၊ Jane နှလုံးသားကိုပိုင်ဆိုင်သူနဲ့ Jane ဘဝတစ်ခုလုံးကိုစိုးမိုးသူသာ။

AnyOneTempat cerita menjadi hidup. Temukan sekarang