Unicode
"အေးပါ ငါကြိုးစားကြည့်ပါ့မယ်နင်ကလဲ အေးအေး ကျေးဇူး"
"ဘယ်သူလဲ"
မနက်စာအတူတူစားနေရင်း Somiဆီကဖုန်းလာလို့ သူနဲ့ဝေးရာသွားပြောပြီး ပြန်လာထိုင်တော့ သူ့ဆီကရတဲ့မေးခွန်း။
"Somiဆီက..ကားအဆင်ပြေလားတဲ့ လှမ်းမေးတာ"
သူက ပါးစပ်ထဲ မနက်စာတွေသွတ်သွင်းရင်း အေးအေးဆေးဆေးခေါင်းငြိမ့်နေလေရဲ့။ ဒီလူကတော့ ဖုန်းချပြီးကတည်းက ဂနာမငြိမ်ဖြစ်နေတာ။
"ဟင် ချွေးတွေထွက်နေပါလား ရော့ တစ်ရှူး"
"အင်း ကော်ဖီသောက်လိုက်လို့"
ခုန်ပေါက်နေတဲ့ရင်ဘတ်ထဲ ကော်ဖီမျောချလိုက်တော့ ရင်ဘတ်ကြီးကနှစ်ဆသောင်းကျန်းနေလေရဲ့။ ဒုက္ခ။
ဒါနဲ့ Somi ရဲ့ အကြံကဒီလို။ သူ့ကားကိုယူပြီး ကမ်းခြေမှာ ရိုဆန်ဆန်နဲ့ဖွင့်ပြောတဲ့။ ဖွင့်ပြောနိုင်မှသာပြန်လာခဲ့တဲ့။ မဖွင့်ပြောဘဲပြန်လာရင် သူနဲ့က သူငယ်ချင်းသေခန်းပြတ်တဲ့။ ဟုတ်ပါတယ် သူမတိုက်တွန်းရင် ကိုယ်ကလက်လျော့ပစ်မှာအစကထဲကပင်။ ဒါနဲ့Janeနဲ့တွေ့တာ ဒီနေ့ဆို တစ်လတင်းတင်းပြည့်ပြီ။
သူ့အပေါ်ထားတဲ့ခံစားချက်တွေချရေးထားတဲ့ စာရွက်ကလေးကို ဘောင်းဘီအိတ်ကပ်ထဲထည့်ထားတာ ဒီကမ်းခြေဆီရောက်ကတည်းက။ ငါဒီညဖွင့်ပြောမှဖြစ်မယ်။
ဒီနေ့လျှောက်လည်ပေမယ့် စိတ်ထဲမအီမသာကြီးဖြစ်နေမိတယ်။ ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်မိဘဲ သူ့ကိုသာအရိပ်တကြည့်ကြည့်။ ဒီနေ့ဖွင့်ပြောဖို့အဆင်ပြေပါ့မလား သူစိတ်ကြည်နေလား သူစိတ်ရှုပ်နေရင် ပြောဖို့ကမလွယ် စသဖြင့်ပူပန်နေမိတယ်။
🏖🏖🏖
"လိုက်ခဲ့"
ညဘက်ညစာစားတူတူစားပြီးနောက် Jane က Lisa ကို သဲသောင်ပြင်ပေါ် လက်ဆွဲခေါ်လာတယ်။ ပြီးတော့ ဖိနပ်တွေချွတ်ပစ်ပြီး ပင်လယ်ကမ်းစပ်တစ်လျှောက် လက်တွဲရင်း လမ်းလျှောက်ကြတယ်။ ခြေဖဝါးလေးနင်းချလိုက်ရင် သဲပွင့်တွေထဲ ခြေချောင်းလေးတွေတိုးဝင်သွားတဲ့ခံစားချက်က တမျိုးလေးနဲ့ ကြည်နူးဖို့ကောင်းတယ်။