2❄️

3K 233 1
                                    

Unicode

လက်ကိုင်ဘုကိုအသာလှည့် တံခါးကိုဖွင့်လိုက်ပြီး တွန်းလှည်းတွန်းကာ ဝင်လာခဲ့တယ်။ သူမကိုမြင်လိုက်​တော့ Lalisa မျက်လုံး​တွေပြူးကျယ်သွားတယ်။

သူက ရေချိုးပြီးကစမို့ ခေါင်းကို​ခြောက်​အောင် တဘက်နဲ့သုတ်​ရင်း အိပ်ခန်းထဲကထွက်လာတယ်။ ရှုပ်​နှောင်​နေတဲ့ဆံပင်​​တွေပေါ်မှာ ရေပေါက်ကလေး​တွေကတွဲလဲ။ သူ့ရဲ့ဖြူ​ဖွေး​ဖွေးအသား​ပေါ် Bathrobe အဖြူလေးက အငြိမ့်သား။ရေငတ်သလိုလို အာ​တွေ​ခြောက်လာတာ​ကြောင့် တံ​ထွေး​တွေမျိုချမိတာအကြိမ်ကြိမ်။ ဘာမှမလိမ်းထားတာ​တောင် မျက်နှာ​လေးက ဖြူဥ​နေပြီး ပန်း​ရောင်သန်း​နေတာပဲ။ အင်း..နောက်​နေ့မှ Skin care ဘာသုံးလဲ​မေးရမယ်။

သူ့ပုံစံက​တော့ အေး​အေး​ဆေး​ဆေး​​ပေမယ့် သေချာကြည့်လိုက်ရင် ငိုထားလို့ မျက်ခွံ​​တွေ​ဖောင်းအစ်​နေတာကို​တွေ့ရတယ်။ ဒါနဲ့ မျက်ခွံ​ပေါ်ကကမှဲ့က​လေး....

"ဟေး...ပြန်လို့ရပြီလို့​ပြော​နေတာ မကြားဘူးလား"

သူက​​ရှေ့တည့်တည့်လာရပ်ပြီး မျက်နှာ​ရှေ့ လက်​တွေ​ဝေ့ဝဲပြကာ မေး​နေတော့မှ ဆတ်ခနဲ သတိရလာတယ်။ သေစမ်း ဒါနဲ့ဆို နှစ်ခါရှိပြီ။ နင်​သေ​တော့မှာပဲ Lalisa။ သူက Lalisa ကို မျက်ခုံး​လေးပင့် မျက်လုံး​လေးမသိမသာပြူးပြီး ဘာရပ်ကြည့်နေတာလဲဆိုတဲ့အကြည့်နဲ့ကြည့်​နေတယ်။

"ဟု ဟုတ်ကဲ့ အဲ့ အဲ့ဒါဆို သွားခွင့်ပြုပါဦးရှင့် တောင်းပန်ပါတယ်"

အခန်းထဲကအမြန်ထွက် တံခါးပိတ် ပူပူထူထူနဲ့​​လျှောက်လာလိုက်တာ ဓါတ်​လှေကားထဲ​တောင်ပြန်​ရောက်​နေပြီ။

Lalisa နင်ဘာ​တွေဖြစ်​နေတာလဲ ဘာ​တွေ​​လျှောက်လုပ်​နေတာလဲ ဘာလို့စာ​မေးခံရရင် ရင်တုန်သလိုမျိုကြီး ခံစား​နေရတာလဲ။

Lalisaတွေးနေရင်း မျက်လုံးကိုမှိတ် ဝင်သက်ကိုပြင်းပြင်းရှူပြီးသက်ပြင်းကိုအရှည်ကြီးချလိုက်တယ်။ ကောင်တာဆီပြန်ဝင်ထိုင်လိုက်တယ်။ ခုနက​ကြောင်​တောင်​တောင်လုပ်လိုက်တဲ့ လုပ်ရပ်​​​ကြောင့် ခါတိုင်းလို အိပ်ချင်စိတ်က အလျင်းလုံးဝ​ပျောက်။ ဟိုတစ်​ယောက်က​တော့ အိပ်​နေတာ ဘယ်နှ​ရေး​တွေ​တောင်ရ​နေပြီလဲ​တောင်မသိ။ ဒီမှာ​တော့ သူအလုပ်များပြုတ်မလား​တွေးပူ​နေမိ။

AnyOneHikayelerin yaşadığı yer. Şimdi keşfedin