Final

6.4K 317 23
                                    

Unicode

ဒီလိုနဲ့ပဲ Jane ဆေးရုံကဆင်းတယ်။ သေချာအနားယူပြီး​နောက် Lisaနဲ့အတူတူ စျေးတန်း​တွေလျှောက်သွားတယ်။ ထူးဆန်းတဲ့ပန်းခြံ​​လေးဆီလဲသွားတယ်။ အရင်က အိမ်​​ဟောင်း​လေးမှာ နှစ်​ယောက်သားအတူတူပြန်​နေကြတယ်။ Jane က Lisa ကိုဟင်းတွေချက်ကျွေးတယ်။ အတူတူထမင်းစားကြတယ်။ Somi ကိုလဲ သူတို့နှစ်​ယောက်ကိုကူညီခဲ့တဲ့​ကျေးဇူး​တွေရှိတာ​ကြောင့် ကျွေး​မွေးခဲ့​ရသေးတယ်။ အချိန်တိုင်း နေ့တိုင်းဟာ ပျော်ရွှင်စရာ​ကောင်းတဲ့​နေ့​တွေချည်းပဲ။

Lisaကို Jane နယူးဇီလန်ကို​ခေါ်သွားတယ်။ အ​မေ့ကို မိတ်ဆက်​ပေး​တော့ အ​မေက ဘာမှအပြစ်မ​ပြောတဲ့အပြင် နွေး​​နွေး​ထွေး​​ထွေးကြိုဆိုတယ်။ Jane အ​ဖေရဲ့အုတ်ဂူဆီလည်း အလည်သွားခဲ့တယ်။ Chae နဲ့ Jisooတို့ အမJiyoungတို့နဲ့လည်း သေချာချိန်းပြီး​တွေ့ခဲ့ကြ​သေးတယ်။ Chae နဲ့ Jisoo တောင်လက်ထက်ပြီးသွားပြီတဲ့။ Janeက အဲ့တုန်းက ဆေးရုံမှာမို့လို့မဖိတ်တာတဲ့။ စကား​တွေအများကြီး​ပြောကြတယ်။ ရီကြတယ် မောကြတယ် အရမ်းစိတ်ချမ်းသာဖို့​ကောင်းတယ်။

Lisa လည်းထိုနည်းတူ ထိုင်းကိုခေါ်သွားတယ်။ သူ့မိဘ​တွေနဲ့​တွေ့​ပေးတယ်။ Lisa သူ့ကိုစကြိုက်ကတည်းက သူ့မိဘ​တွေကို​ပြောပြထားတာမို့သိပြီးသားတဲ့။ Lisa မိဘ​တွေက Jane ကိုလဲ သမီးရင်း​လေးထက်​တောင် ပိုဂရုစိုက်​သေးတယ်။ အဲ့ဒီအခါကျ Lisa က မျက်​စောင်းတထိုးထိုး။ ထိုင်းအစားစာလှည့်ပတ်စားကြတယ်။ တချို့​ဟာတွေက အရမ်းစပ်လို့ Jane မျက်ရည်​တွေဝဲကာ မစားနိုင်​အောင်အထိ။ အဲ့ဒီအခါကျ Lisa က Jane စပ်​နေတဲ့ရုပ်ကိုကြည့်ပြီး အာပြဲကြီးနဲ့ရီတယ်။ Jane လဲ သူ့ကိုစိတ်​ကောက်ပစ်တယ်။

၂လကြာ​တော့ Lisa နဲ့ Jane လက်ထပ်ကြတယ်။ အဲ့ဒီ​နေ့ဟာ သူတို့ဘဝမှာအ​ပျော်ဆုံး​နေ့။ နှစ်​ယောက်သား မင်္ဂလာဝတ်စုံအဖြူနဲ့ နတ်သမီး​တွေပမာလှပနေလိုက်ကြတာ အရမ်း။ အဲ့​နေ့က နှစ်ဖက်မိဘတွေရော၊ ဆွေမျိုး၊ သူငယ်ချင်း၊ မိတ်ဆွေတွေ အကုန် လူစုံကြတယ်။ အကုန်တက်​ရောက်ကြတယ်။ အရမ်းစိတ်ငြိမ်းချမ်းတယ် စိတ်ချမ်းသာတယ်။ ပျော်ရွှင်ရတာ အတိုင်းမသိ။ ဘဝကြီးက နေထိုင်​ရတာစိတ်​ကျေနပ်စရာ။

AnyOneحيث تعيش القصص. اكتشف الآن